စွယ်စုံမြို့တော်သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Friday, February 10, 2017

ဆံတော်ရှင်ဘုရား


ပေါက်တောမြို့နယ် အနောက်ဖရုံကာ (မြေငူ) ကျွန်းတွင် တည်ရှိသော သမိုင်းဝင် ဆံတော်ရှင် ဘုရားပွဲတော်ကို နိုဝင်္ဘာလ ၂၅ ရက်နေ့မှ ဒီဇင်္ဘာလ ၂ ရက်နေ့ထိ (၇) ရက် တိုင်တိုင် နှစ်စဉ်ကျင်းပ ပြုလုပ်လေ့ ရှိကြောင်း သိရှိရသည်။ဆံတော်ရှင်စေတီတော်အား ဘုရားရှင်၏ ဆံတော်ဖြင့် နဂါးမင်းများက စတင် တည်ဆောက်ခဲ့သည်ဟု သမိုင်း အထောက်များအရ သိရသည်။ ၎င်းနောက်ပိုင်း ရခိုင်ဘုရင်များက ပြုပြင် မွန်းမံ တည်ဆောက်ခဲ့သည်။ဆံတော်ရှင် ဘုရားမှာ သာယာလှပသော မြေငူကျွန်း အဖျားတွင် တည်ရှိပြီး ပင်လယ်ပြင်ကို ဖြတ်၊ တောင်များကို ကျော်ပြီး ဘုရားဖူးသွားရသဖြင့် ဘုရားဖူးသူများအား စိတ်လက် ကြည်နူးမူ ပျော်ရွှင်မူကို ဖြစ်စေသော ထူးခြားသော ရခိုင်ပြည်နယ်ထဲမှ ဘုရားပွဲတော် တခု ဖြစ်ကြောင်း သိရှိရသည်။ဆံတော်ရှင်ဘုရားမှာ ရခိုင်ပြည် နယ်တွင်ထင်ရှားသည့် မဟာမြတ်မုနိ ဘုရား သမိုင်းနှင့် ဆက်စပ်နေ သည့်စေတီတော်တစ်ဆူ ဖြစ်သည်။ ရခိုင် ဒေသ၊ တတိယဓညဝတီခေတ်တွင် ထီးနန်းစိုးစံခဲ့သည့် စန္ဒသူရိယမင်း သည် ထီးနန်းကို စိုးစံတော်မူပြီး နန်းသက် ၂၆ နှစ်မြောက်၊ သက္ကရာဇ် ၁၂၃ ခုနှစ်တွင် အနောက်မဇ္ဈိမ၌ သဗ္ဗညုတမြတ်စွာဘုရားရှင် ထွန်းပေါ်တော် မူကြောင်းကို သတင်းစကား ကြားသိတော်မူသည့်အခါ ဘုရားရှင် အား ဖူးမြော်ရန် စိတ်အားသဒ္ဓါ ထက် သန်လာသည့် အတွက် ပန်းနံ့သာတို့ ဖြင့်ရည်မှန်း၍ မနောအဓိဋ္ဌာန်ဖြင့် ပင့် ဖိတ်ချက်ကြောင့် ဘုရားရှင်သည် ရခိုင် ပြည် ဓညဝတီသို့ ကြွရောက်တော်မူ လာခဲ့ပြီး ဘုရင်နှင့်တကွ မှူးမတ်ပြည် သူများအား အမြိုက်တရား ဟော ကြား တိုက်ကျွေးတော်မူခဲ့လေသည်။ သုံးလောကထွတ်ထား မြတ်စွာဘုရား သခင် ပြန်လည်ကြွချီမည်ဆိုသော အခါ စဉ်ဆက်မပြတ် ကိုးကွယ် ဆည်းကပ်ရန် ကိုယ်စားတော်တစ်ဆူ သွန်းလုပ်ခွင့်ပြုရန် လျှောက်ထားချက် အရ သက္ကရာဇ် ၁၂၃ ခုနှစ်၊ ကဆုန်လ ပြည့်ညနေချမ်းတွင် ကိုယ်စား ရုပ်ပွား တော် မဟာမြတ်မုနိကို ဘုရားရှင်ရှေ့ မှောက်တော်၌ သွန်းလုပ်တော်မူခဲ့ရာ ကဆုန်လပြည့်ကျော် ၁ ရက်နေ့ တွင် အောင်မြင် ပြီးမြောက်တော်မူခဲ့လေ သည်။  ဘုရားရှင်သည် ဓညဝတီမြို့မှ ဒွါရာ ဝတီမြို့တော်သို့ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူရာ ကစ္ဆပနဒီမြစ်၏အဆုံးဖြစ်သော မြစ်ဝနေရာ သမုဒ္ဒရာပေါ်သို့ ရောက်သောအခါ ကြီးစွာသော လှိုင်း တံပိုးတို့ကိုဖြစ်စေ ပြီး ဇေယျသေန နာဂရာဇာနဂါးမင်းအမှူးပြုသော ရှစ် ဦးသော နဂါးမင်းတို့၏ ပင့်လျှောက် ချက်အရ နီလာပဗ္ဗတတောင်ထိပ်ပေါ် ၌ ရပ်တန့် သီတင်းသုံးကာ နဂါးမင်း ရှစ်ဦးနှင့်တကွ တော၊ တောင်တစ်ရိုး ၌ စောင့်ကြပ်တော်မူကြသော နတ် အပေါင်းတို့၏ ပူဇော်မှု ကိုခံယူပြီး တ ရားရေးအေးအမြိုက်ဆေးကို တိုက် ကျွေးဟောကြားခဲ့လေသည်။ နဂါး မင်းတို့၏ လျှောက်ထားတောင်းပန် ချက်အရ ဘုရားရှင်သည် လက်ယာ လက်တော်ဖြင့် ခေါင်းတော်ကို သုံး သပ်၍ ဆံတော်နှစ်ဆူ (မူကွဲ-တပ်ချို့ က ဆံတော်လေးဆူဟု ဆိုသည်) ကို နဂါးမင်းတို့ ပူဇော်ရန်ချီးမြှင့်ပေးသနား ခဲ့လေသည်။ ဇေယျသေနနဂါးမင်း အမှူးပြုသောနဂါးတို့သည် ကျောက်ခဲ များကို စုဆောင်းပြီး ဆံတော်ရှင်မြတ်နှစ်ဆူကို ဌာပနာ၍ စေတီတော်တစ်ဆူကိုနီလာပဗ္ဗတတောင် ထွတ် ပေါ်၌ တည်ထားကိုး ကွယ် ခဲ့ကြလေ သည်။ စန္ဒသူရိယမင်းကြီးသည် နဂါး မင်းတို့အား  ဆံတော်ပေးအပ်ချီးမြှင့် ခဲ့သော အကြောင်းကို သိရှိတော်မူ၍ နီလာပဗ္ဗတတောင်သို့ ကြွရောက်ပြီး နဂါးတို့တည်သော စေတီတော်အား ဖူးမြော်ကြည်ညိုခဲ့ရာ နဂါးမင်းတို့ တည်သောစေတီတော်မှာ လူတို့ တည် သောစေတီနှင့်မတူသည်ဖြစ်၍ မိမိ၏ မကိုဋ်တော်နှင့် သဏ္ဌာန်တူအောင် ကောင်းမွန်ခိုင်ခန့်စွာပြုလုပ်ပြီးလျှင် မဟာသက္ကရာဇ် ၁၂၃ ခု၊ နတ်တော် လဆန်း ၉ ရက်နေ့မှ လပြည့်နေ့ထိ ရွှေချပြီး ထီးတော်တင်လှူခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ဆိုလေ သည်။ ကျောက်တော်မြို့နယ်ရှိ မဟာမြတ် မုနိရုပ်ရှင်တော်မြတ်မှာ သက္ကရာဇ် ၁၂၃-ခု၊ ကဆုန်လပြည့်နေ့ သွန်းလုပ် ခဲ့ပြီး ဆံတော်ရှင်စေတီမှာ နတ်နဂါး တို့က ကဆုန်လအတွင်း တည်ထား ခဲ့ကာ စန္ဒာသူရိယဘုရင်က နတ်တော် လပြည့်နေ့တွင် တစ်ဖန် တည်ထားခဲ့ ခြင်း ဖြစ်လေသည်။
ဆံတော်ရှင်စေတီတော်မြတ်ကို နဂါးတို့က ကျောက်စုစေတီတော် အဖြစ် ဦးစွာတည်ထားခဲ့ကာ တတိ ယဓညဝတီခေတ်တွင် စန္ဒာသူရိယ ဘုရင်မင်းမြတ်က ထပ်မံမွမ်းမံတည် ထားခဲ့ပြီး ဝေသာလီခေတ်တွင် မဟာ သူရိယဝိုန္ဒြားမင်းကြီးက လုံးတော်ပြည့်ရွှေ ချပူဇော်ခဲ့သည်။ ထို့နောက် မြောက်ဦးခေတ်အရောက်တွင် ဘုရင် မင်းဖလောင်း၏ မိဖုရားစိုးမဲကျီက ပျက်စီးနေ သည့် စေတီတော် ကို ပြန် လည်တည်ထားခဲ့လေသည်။ ထိုမှ ဆက်လက်၍ ခေတ်အဆက်ဆက် ပြည်သူပြည်သား တို့က ပြုပြင်ကိုး ကွယ်လာ ခဲ့ခြင်းဖြစ်ရာ ယနေ့သို့တိုင် ဖြစ်လေသည်။ ဆံတော်ရှင်ဘုရား၏တောင်ဘက် ကမ်းခြေတွင် ခြေတော်ရာတစ်ဆူနှင့် သိမ်တော်ရာကိုလည်း သွားရောက်ဖူး မြော်နိုင်ကြသည်။ ဆံတော်ရှင်ဘုရားသွားဖူးခြင်းမှာ ကုသိုလ် လည်းရစေသည်။ စိတ်၏အပန်းကို လည်း ပြေပျောက်စေသည်။ 

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ