စာရေးသူကို 15.3.1992 (၁၃၅၃ ခုနှစ်၊တပေါင်းလဆန်း ၁၂ရက်၊တနင်္ဂနွေနေ့ )၊မနက် ၈ နာရီ တွင်ရန်ကုန်မြို့ ၊ဒေါပုံမြို့နယ်၊သဘောင်္ကျင်းရပ်ကွက်၊၉လမ်းတွင်အဖဦးဇော်ထွန်း၊အမိဒေါ်အေးသီတာတို့မှဖွားမြင်ခဲ့ပါသည်။ငယ်နာမည်မှာအောင်လွင်ဦးဖြစ်ပြီး၊ကျောင်းအပ်နှံသည့်အချိန်တွင်အောင်ဇော်လင်းဟုအမည်ပြောင်းလဲခဲ့ပါသည်။ငယ်စဉ်ကကျန်းမာရေးခြူ ခြာလွန်းသဖြင့်အသက်ရှင်ရန်ကိုပင်မနည်းပြုစုပျိုးထောင်ခဲ့ရပါသည်။
ငယ်စဉ်က(သူငယ်တန်းမှရှစ်တန်းအထိ ပုဇွန်တောင်မြို့နယ်ရှိ အ.လ.က(၁)ပုဇွန်တောင်တွင်ပညာသင်ကြားပြီး၊ရှစ်တန်းအောင်သည့်အခါဒေါပုံမြို့နယ်ရှိ အ.ထ.က(၁)ဒေါပုံတွင် Ecoဘာသာတွဲဖြင့်ပညာဆက်လက်သင်ကြားပြီး2008ခုနှစ်တွင်အထက်တန်းအောင်မြင်၍ရန်ကုန်အရှေ့ပိုင်းအဝေးသင်တက္ကသိုလ်တွင်မြန်မာစာအထူးပြုဖြင့်ပညာဆက်လက်သင်ကြားကာ2012တွင်မြန်မာစာအထူးပြု့ဖြင့်ကျောင်းပြီးခဲ့ပါသည်။
မောင်အောင်ဇော်လင်းသည်အထက်တန်းအောင်မြင်သည့်အချိန်မှစ၍ရန်ကုန်မြို့ရှိ ဇော်မိတ္တူနှင့်ကွန်ပျူတာ ညပိုင်းလုပ်သားအဖြင့်ဝင်ရောက်လုပ်ကိုင်ရင်းဆိုင်ခွဲတာဝန်ခံဖြစ်သည်အထိရာထူးတိုးမြှင့်ခြင်းခံခဲ့ရပါသည်။နောက်ပိုင်းတွင် ဇော်မိတ္တူကွန်ပျူတာ မှထွက်၍ စိန်ဂေဟာ တွင် Graphic Designer အဖြစ်ယနေ့အထိလုပ်ကိုင်လျှက်ရှိပါသည်။
ဇော်မိတ္တူနှင့်ကွန်ပျူတာ တွင်တာဝန်ထမ်းဆောင်ရင်းနှင့်ဘလော့လောကသို့ ရောင်ပြန်လေး www.yplitshare.org ဆိုသောဘလော့ဖြင့်နည်းပညာPostများရေးသားခဲ့ပါသည်။ထိုနောက်တွင်မှ1.1.2017 ရက်နေ့တွင် စွယ်စုံမြို့တော် ဟုအမည်ရသောယခုဘလော့အားစတင်အသက်သွင်းခဲ့ပြီး၊ယနေ့အထိ သုတ၊ရသ၊ဆောင်းပါး၊ကဗျာများ၊၀တ္တု့တိုများ၊ဘာသာတရားအကြောင်းအရာများ၊သမိုင်းဆိုင်ရာများနှင့် www.yplitshare.org ဘလော့တွင်နည်းပညာPostများရေးသားလျှက်ရှိပါသည်။
0 comments:
Post a Comment