စွယ်စုံမြို့တော်သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Monday, January 23, 2017

"ဘုရားရှင်ကို ဖူးတွေ့ လိုလျှင်"

ကိလေသာတွေ ကင်းရှင်းနေတဲ့အခါမျိုးမှာ ဘုရားကို
အာရုံပြုကြည့်ပါ၊ အဲဒီအခါကျမှ ဘုရားဆိုတာ ဘယ်လိုလဲ
ဆိုတာ နည်းနည်းရိပ်မိလိမ့်မယ်။ စာဖတ်ပြီးတော့
သိထားရုံနဲ့ ဘုရားဆိုတာ သိပြီလို့  ပြောဖို့ မလွယ်ဘူး။
ဘုရားရဲ့ စိတ်အခြအနေကို ကိုယ်ကိုယ်တိုင် ကိလေသာကင်းမှ
ကိလေသာကင်းနေတာ ဘယ်လောက်မြင့်မြတ်သလဲဆိုတာ
သိနိုင်တယ်။ ဒါကြောင့်သိနေတာဟာ ကုသိုလ်ဖြစ်နေတာပေါ့။

မြတ်စွာဘုရားနဲ့ ပက်သက်ပြီးတော့ မသိနိုင်တာတွေ
အင်မတန်များပါတယ်။ ဒီတစ်ချက်ကို သိရင်တော့
ဘုရားကို အာရုံပြုလို့ ရပြီ။ ဒီဘုန်းကြီးလည်း ကိုယ်တိုင်
အဲဒီလို တခါတရံ ခံစားဖူးပါတယ်။ ကိုယ့်စိတ်ထဲမှာ
တကယ် ကြည်လင်သန့် ရှင်းနေတဲ့အခါမှာ ၊
ကိလေသာကင်းပြီးတော့ ကြည်လင်အေးချမ်းနေတဲ့အခါမှာ
ငါတောင်မှ ဒီလောက်ချမ်းသာနေတာ၊ ဒီလောက်ကြည်လင်နေတာ
ဘုရားရဲ့ စိတ်က ဘယ်လောက်များ ကြည်လင်အေးချမ်း
သန့် ရှင်းနေမလဲဆိုတာ နည်းနည်းလေးမှန်းလို့ ရပါတယ်။

ဆရာတော် ဦးဇောတိက
(သတိဆိုတဲ့ နေအိမ် မှ)

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ