စွယ်စုံမြို့တော်သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Monday, January 23, 2017

ဘာအရေးအကြီးဆုံးလဲ

အတွေးအခေါ်ပညာရှင်တစ်ဦးဟာ ခန်းမထဲမှာ ဟာပြောဖို့ရောက်လာပြီး သူ့ရှေ့ကစားပွဲပေါ်မှာ ပစ္စည်းအချို့တင်
လိုက်ကာ စကားတစ်ခွန်းမှမပြောပဲ ပထမဆုံးသူ ဖန်ခွက်ကြီးတစ်ခွက်ကို ယူလိုက်ပြီး အထဲကို ကျောက်တုံးခပ်ကြီး
ကြီးတွေဖြည့်လိုက်တယ် ။

ပြီးတော့ လေ့လာသူတွေကို ဖန်ခွက်
ပြည့်ပြီလားလို့မေးလိုက်တယ် ။ အားလုံးက ပြည့်ပါပြီ လို့ပြန်ဖြေတယ် ။

အတွေးအခေါ်ပညာရှင်ဟာကျောက်စ
ရစ်ခဲထည့်ထားတဲ့ခွက်ကလေးကိုယူပြီး ဖန်ခွက်ထဲ လောင်းထည့်လိုက်ပြန်တယ် ။ ပြီးတော့ သူဟာ ဖန်ခွက်ကို ဖြေးဖြေးချင်း
လှုပ်လိုက်တယ် ။ ကျောက်စရစ်ခဲလေး
တွေဟာ နေရာလွတ်လေးတွေဆီ လိမ့်ဝင်
သွားခဲ့တယ် ။

လေ့လာသူတွေကိုဖန်ခွက်ပြည့်ပြီလား
လို့ မေးပြန်တယ် ။ အားလုံးက ပြည့်ပါပြီ
လို့ပြန်ဖြေတယ် ။

အတွေးအခေါ်ပညာရှင်ကသဲတွေထည့်
ထားတဲ့ခွက်ကလေးကိုယူပြီးဖန်ခွက်ထဲ
လောင်းထည့်လိုက်ပြန်တယ် ။ သဲတွေဟာ ကျောက်စရစ်ခဲ ကြားလေးတွေကနေ တိုးဝင်သွားပြီးဖန်ခွက်တစ်ခုလုံးပြည့်သွားခဲ့တယ် ။

လေ့လာသူတွေကို ဖန်ခွက်ပြည့်ပြီလား
လို့ မေးပြန်တယ် ။ အားလုံးကလည်း ထုံးစံအတိုင်းပြည့်ပါပြီလို့ ပြန်ဖြေခဲ့တယ် ။

အဲဒီအခါအတွေးအခေါ်ပညာရှင်က
` အခု ကျွန်တော် ခင်ဗျားတို့ကို ပြောချင်
တာကတော့---ဒီဖန်ခွက်ကလေးကို ခင်ဗျား
တို့ ဘ၀ နဲ့ ကိုယ်စားပြုချင်တာပါပဲ "

"ကျောက်တုံးအကြီးကြီးတွေက ဘ၀ရဲ့ အရေးကြီးအစိတ်အပိုင်းတွေဖြစ်တယ် -- ခင်ဗျားတို့ မိသားစု ခင်ပွန်း ဇနီး ကျန်းမာရေး ခကလေးတွေ စသဖြင့်ပေါ့ အကယ်၍ အဲဒီထဲက တချို့အရာတွေ ဆုံးရှုံးသွားတာတောင်မှ ခင်ဗျားရဲ့ ဘ၀ဟာ ပြည့် နေတုန်းပဲ "

" ကျောက်စရစ်ခဲလေးတွေကတော့ ခင်ဗျားတို့ရဲ့ အလုပ် ၊ အိမ် ၊ ကား အဲဒါတွေကို ကိုယ်စားပြုတယ်---သဲတွေကတော့ သေးငယ်အရာအားလုံး
ကိုရည်ညွှန်းပါတယ် "

` အကယ်၍မျာ ဖန်ခွက်ထဲကို သဲတွေ
သာ အရင်ထည့်လိုက်မယ်ဆိုရင် ကျောက်စရစ်ခဲတွေ ကျောက်ခဲလေး
တွေအတွက် နေရာရှိမှာမဟုတ်ပါဘူး -- ဒါဟာ ဘ၀ နဲ့ အတူတူပါပဲ -- အကယ်၍ ခင်ဗျားတို့ဟာ သေးငယ်တဲ့ အကြောင်း
အရာကိစ္စတွေအတွက်နဲ့ ခင်ဗျားတို့ရဲ့
အချိန်တွေကို ကုန်ဆုံးစေမယ်ဆိုရင် ခင်ဗျား ဘ၀အတွက် အရေးကြီးတဲ့ အရာတွေထည့်ဖို့ ခင်ဗျား ဘ၀မှာ အခန်းလွတ်တွေမရှိတော့ပါဘူး -- ခင်ဗျားရဲ့ ပျော်ရွှင်မှုအစစ်အမှန်ကို ပေးစေတဲ့အရာတွေကို အာရုံစိုက်ပါ ခင်ဗျားရဲ့ ကလေးတွေနဲ့ဆော့ကစားပါ ခင်ပွန်း ၊ ဇနီးကိုလက်တွဲပြီးလျှောက်
လည်ပါ အလုပ်ကိုကြိုးစားပါ အိမ်ကို သန့်ရှင်းအောင်ထားပါ ညစာစားပွဲ
လေးကျင်းပပါ ´

` ကျောက်တုံးကျောက်ခဲနဲ့တူတဲ့ အရာတွေကို အရင်ဆုံးခင်ဗျားဘ၀ထဲကို လောင်းထည့်ပါ ဒုတိယအနေနဲ့ ကျောက်စရစ်ခဲနဲ့တူတဲ့အရာတွေကို လောင်းထည့်လိုက်ပါ ဘာကို ဦးစားပေး
ရမလဲဆိုတဲ့ Priorities ကို စဉ်းစားပါ ကျန်တာတွေကတော့ သဲပွင့်တွေချည်း
ပါပဲ " ဟုပြောပြီး ဟောပြောပွဲကိုအဆုံးသတ်လိုက်ပါတယ်။

Credit Org Writer

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ