တစ်ခါကပေါ့ …. နတ်သားတစ်ပါးဟာ ကလေးလေးတစ်ယောက်အသွင်နဲ့ လူ့ လောကထဲနေထိုင်ဖို့တာဝန်ကျလာခဲ့ပါ
တယ်။
အဲ့ဒီနတ်သားက ဘုရားသခင်ကိုမေးခွန်းထုတ်တယ်ပေါ့
နတ်သား~ “ဘုရားသခင်…ကျတော်ဟာ ကူသူ မဲ့နီတာရဲ ကလေးဘ၀နဲ့ ဒီလောက
ထဲဘယ်လိုအသက်ရှင်နိုင်မှာလဲ..”
ဘုရားသခင် ~ “ နတ်သမီးတွေအများကြီး
ထဲက နတ်သမီးလေးတစ်ပါးကို မင်းအတွက်
ရွေးချယ်ထားပါတယ်… သူကမင်းကိုစောင့်
နေပါတယ်… သူကပဲ မင်းကိုအစစအရာရာ စောင့်ရှောက်ပါလိမ့်မယ်…”
နတ်သား~“ကျတော်ဒီကောင်းကင်ဘုံ
မှာဆို ဘာမှလုပ်စရာမလိုဘဲသီချင်း
လေးဆိုလိုက် ပြုံးလိုက်နဲ့ပျော်ရွှင်နေရ
တယ်လေ “
ဘုရားသခင် ~ “ အင်း …မင်းရဲ့ နတ်သမီး
လေးက မင်းကို သီချင်းဆိုပြလိမ့်မယ့် နေ့စဉ်ပြုံးပြပါလိမ့်မယ်..နတ်သမီးလေးရဲ့
မေတ္တာကို မင်းခံစားရပြီးပျော်ရွှင်ပါလိမ့် မယ်..”
နတ်သား~“ နောက်ပြီး ..လူ့ပြည်ကသူတို့
ပြော တဲ့စကားကိုကျတော်နားမလည်
ရင် ဘယ်လိုလုပ်ရမလဲ..”
ဘုရားသခင် ~“ နတ်သမီးလေးကသာယာ
နာပျော်ဖွယ် ချိုသာတဲ့စကားလုံးလှလှလေး
တွေမင်းကိုအမြဲပြောလိမ့်မယ်… နောက်ပြီး စိတ်ရှည်လက်ရှည်နဲ့ကြင်နာစွာ မင်းကို
စကားပြောသင်ပေးပါလိမ့်မယ် ”
နတ်သား~““ လူ့ လောကမှာ လူဆိုး
တွေရှိတယ်လို့ ကြားဖူးတယ် …ဘယ်သူက
များကျတော့ကို ကာကွယ်ပေးမှာလဲ…”
ဘုရားသခင် ~“ မင်းရဲ့နတ်သမီးလေးကပဲ
သူ့ဘ၀နဲ့ရင်းပြီး မင်းကိုကာကွယ်သွားပါ
လိမ့်မယ်…”
နတ်သားကနောက်ဆုံးအနေနဲ့ မေးခွန်းတစ်ခုကိုမေးပါတယ်…
နတ်သား~“ ကောင်းပါပြီ..ဘုရားသခင်…
ကျတော်သွားပါတော့မယ်… ကျတော့ရဲ့
နတ်သမီးလေးကိုနာမည်ဘယ်လိုခေါ်ရမလဲ ဆိုတာပြောပါဦး အရှင်…”
ဘုရားသခင် ~“ မင်းနတ်သမီးရဲ့နာမည်
က အရေးမပါ ပါဘူးကွယ် …သူ့ ကို
🌹🌹🌹 မေမေ 🌹🌹🌹 လို့မင်းတစ်သက်လုံးခေါ်သွားရလိမ့်မယ်…”
ဘာသာပြန်

0 comments:
Post a Comment