စွယ်စုံမြို့တော်သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Monday, February 13, 2017

`` ဇနီးဖြစ်သူဆွမ်းလောင်းလျှင် ခင်ပွန်းဖြစ်သူ ကုသိုလ်ရပါသလား ´´


`` ဇနီးဖြစ်သူဆွမ်းလောင်းလျှင်
ခင်ပွန်းဖြစ်သူ ကုသိုလ်ရပါသလား ´´

+++++++++++++++++++

* မရပါဘူး ၊
အမျိုးသားတွေ
အထူးသတိပြုစရာကောင်းတဲ့ အချက်ပါပဲလို့
စာမှာ ဆိုပါတယ်။
အချို့ကတော့ ယောင်္ကျားဖြစ်သူ ရှာထားတဲ့
ပစ္စည်းနဲ့ လှူဒါန်းတာ ဖြစ်တဲ့အတွက်
မိန်းမလှူရင် ယောင်္ကျားလဲ
ကုသိုလ်ရတယ်လို့ ထင်နေကြပါတယ်။

* ပစ္စည်းကို ဘယ်သူရှာတယ်
ဘယ်သူပိုင်တယ် ဆိုတာနဲ့
မဆိုင်ပါဘူးလို့ ဆိုပါတယ်။
သေလို့ သပိတ်သွတ်တဲ့အခါ
သေသူပိုင်တဲ့ ပစ္စည်းနဲ့လှူလို့
သေသူ ကုသိုလ်မရပါဘူး။
သာဓုခေါ်နိုင်တဲ့ ပြိတ္တာဘဝရောက်လို့
သာဓုခေါ်နိုင်တဲ့ နေရာမှာရောက်နေလို့
သာဓုခေါ်ဆိုမှသာ သာဓုခေါ်တဲ့
ပတ္တာနုမောဒန ကုသိုလ်သာရပြီး
အကျိုးခံစားရတယ်လို့ စာမှာဆိုထားပါတယ်။

* ဒါကိုကြည့်ရင် သူ့ပစ္စည်းကိုလှူလို့
သူကုသိုလ်ရတာ မဟုတ်ပါဘူး။
အလှူခံပုဂ္ဂိုလ် ၊ လှူဖွယ်ပစ္စည်း
ပေးလှူတဲ့စေတနာ ၊ ပေးလှူခြင်းဆိုတဲ့
ဒါနအင်္ဂါလေးပါးရှိပါတယ်။
ဒါနပြုရာမှာ အရေးကြီးဆုံးဖြစ်တဲ့
ပေးလှူတဲ့ စေတနာမရှိတဲ့အတွက်
ကုသိုလ်မရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

* ဗုဒ္ဓဘာသာ ဓလေ့အရ ပတ္တဒါနလို့ခေါ်တဲ့
ဇနီးဖြစ်သူက ကုသိုလ်ကောင်းမှု
ပြုလုပ်ပြီးတဲ့အခါ
ခင်ပွန်းဖြစ်သူကို ကုသိုလ်ရစေချင်လို့
အမျှပေးဝေလို့ သာဓုခေါ်ရင်
ခင်ပွန်းဖြစ်သူလည်း ကုသိုလ်ရသွားပါလိမ့်မယ်။

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ