သူမနာမည် ရင်မြ။ သူမတို့ ရပ်ကွက်မှာ ဆိုရင်တော့ အပေါင်းအသင်းတွေ အိမ်နီးချင်းတွေက မြလေးလို့ပဲ ခေါ်ကြလေတယ်။ သူမအိမ်မှာ သူမက အကြီးဆုံး သူမအောက်မှာ ညီမလေး တစ်ယောက် မောင်လေး တစ်ယောက်ရှိတယ်။ မိသားစုမှာ အငယ်ဆုံး မောင်လေးမွေးပြီးနောက် အမေဖြစ်သူက မီးယပ်ရောဂါကြောင့် ကျန်းမာရေး ချူချာခဲ့တယ်။
ဒီကြားထဲ အဖေက ပန်းရံလုပ်ရင်း တိုက်ပေါ်မှ ပြုတ်ကျလို့ လျှော်ကြေး မရတဲ့အပြင် ဆေးကုသဖို့ ငွေအလုံအလောက် မရှိတာကြောင့် ချေးငှားပြီး ကုသခဲ့ရတယ်။ နောက်ဆုံးတော့ အဖေ့ရဲ့ကံက ဒီလောက်နဲ့ တင်ရပ်သွားပြီး အသက်ပါ ဆုံးခဲ့ရတယ်။ အဖေဆုံးပြီးတော့ အကြွေးမဆပ်နိုင်လို့ အိမ်ကိုထိုးဆပ် ခဲ့ရတဲ့နောက် သူများအိမ်မှာ ငှားနေရတဲ့ အခြေအနေ ရောက်ခဲ့ရ ပြန်တယ်။ မုဆိုးမ အမေဟာ မလုပ်တတ်၊ မကိုင်တတ်နဲ့ နောက်ဆုံး ဒီမိသားစု စားဝတ်နေရေးကြောင့် အမေဖြစ်တဲ့ သူကလည်း ကျန်းမာရေး မကောင်းတဲ့ ကြားက သူများဆီမှာ အလုပ်လိုက်လုပ်ရင်း ၀မ်းစာဖြည့် ခဲ့ရတယ်။
ဆင်းရဲကြရသည့် ကြားထဲ အခြေအနေ မပေးလာတဲ့ ဘ၀ကြောင့် သူမငယ်ငယ်လေးနဲ့ ကျောင်းနားခဲ့ရပြီး အမေဖြစ်သူ နှင့်အတူ သူများအိမ်မှာ အ၀တ်လိုက်လျှော် ၊ကြုံရာအလုပ် လုပ်ရင်း အရွယ်ရောက် လာခဲ့ရသည်။ ဆင်းဆင်းရဲရဲနဲ့ မိသားစု ဘ၀ကို ဖြတ်သန်းလာရင်း အမေဖြစ်သူဟာ တနေ့တခြား ကျန်းမာရေးက ကောင်းလိုက်မကောင်း လိုက်နဲ့ပေါ့။
ဒီတော့ ငှားနေရတဲ့ ဒီအိမ်လခနဲ့ ဒီမိသားစု လေးယောက်ရဲ့ ပါးစပ်ပေါက်ကို ဖြည့်ဆည်းဖို့ သူမသာလျှင် တာဝန်ရှိလာသည် မဟုတ်ပါလား။ သူမ ကြုံရာအလုပ် ရရာအလုပ် လိုက်လုပ်တယ်။ ဆင်းရဲလွန်းလို့ ကိုယ့်ဘ၀ကို မကျေမနပ် ၊ မိဘအသုံး မကျလို့ သူမတို့ ခုလို ဆင်းရဲတွင်းထဲက ရုန်းမထွက် နိုင်ခဲ့ဘူးလို့ မကြာမကြာ တွေးတောပြီး မိခင်ဖြစ်သူကို အမြင်မကြည်နဲ့ အမြဲတမ်း ငြူစူနေခဲ့တယ် ။ သူမနဲ့တန်းတူ ရွယ်တူတွေ ကျောင်းတတ်တာ မြင်ရင် သူမကိုယ့်ကိုကိုယ် အားငယ်မိသည်။ သူမရဲ့ ကလေးဘ၀ကို ဘယ်လိုကုန်ဆုံး ခဲ့မှန်းတောင် သူမသတိမပြုမိခဲ့၊ ကလေးဘ၀ ကစားသည်ဆိုတာ ဘာမှန်းပင် မသိလိုက်ခဲ့။ သူမမိခင်နှင့် မောင်နှမများကိုပင် သူမ မချစ်ခင် မတွယ်တတ်ခဲ့။ အလုပ်က အိမ်ကိုပြန် ရောက်လျှင်လည်း သူမမိခင်ကို လှည့်မကြည့် ၊ ရောက်တာနှင့် မိသားစုနဲ့ စကားမပြော အခန်းထဲမှာပဲ တစ်ယောက်ထဲ နေနေတတ်တယ်။
"သမီး၊မြလေး၊ အမေ ထမင်းခူးပြီးပြီ၊ ထမင်းစားလိုက် ဦးလေကွယ်။ "
မိခင် ဖြစ်သူ အခန်းဝ မှနေ၍ သမီးဖြစ်သူအား ထမင်းစား ခေါ်နေလေသည်။ သူမလှဲနေရာမှ
"ဒီနေ့ရော ဘာဟင်းလဲ"
သမီးရဲ့ အမေးကို မိခင်ဖြစ်သူ မဖြေဘဲ စိတ်မကောင်းစွာနဲ့ သမီးဖြစ်သူကို ကရုဏသက်စွာ ကြည့်နေခဲ့တယ်။ မြလေးကလဲ မိခင်ဖြစ်သူ ထံမှအဖြေကို စောင့်ဆိုင်းမနေဘဲ မေးရင်းနဲ့ အိမ်ရှေ့ထွက်သွားပြီး စားပွဲပေါ်မှ အုပ်ထားသော ထမင်းနှင့်ဟင်းကို ဖွင့်ကြည့်ကာ
"တစ်နေ့လာလဲ ကန်ဇွန်းရွက်ကြော် ၊ နောက်တနေ့လာလည်း ကန်ဇွန်းရွက်ကြေည် တစ်နေ့ ဒီဟင်းတောထဲက ဘယ်တော့များမှ လွတ်မှာလဲ။ စိတ်ညစ်တယ် စိတ်ညစ်တယ် စိတ်ညစ်တယ်"
သူမ ထိုသို့ တစ်ယောက်ထဲအော်ပြီး အခန်းထဲ ၀င်ကာ မှောက်အိပ်လိုက်သည်။
အလတ်မ နှင့် အငယ်ကောင် တို့ပြေး လာကြခါ မျက်ရည်များနဲ့ အခန်းဝမှာ ရပ်နေတဲ့ အမေကို လက်ကိုကိုင်လျှက် အိမ်ရှေ့ကို ခေါ်သွားကြလေသည်။ မိခင်ဖြစ်သူရဲ့ အတွေးထဲမှာတော့ ချမ်းသာချင်ပြီး ဘ၀ကို တိုးတက်ချင်နေတဲ့ သမီးကြီး ဖြစ်သူ မြလေးအား သနားကရုဏာ များစွာဖြင့်
"အော်...သမီးရယ်။ င့ါသမီးကို ဆင်းရဲတွင်းထဲကို ခေါ်လာခဲ့မိတဲ့ အမေ့ကို ခွင့်လွတ်ပါကွယ်၊ အမေနဲ့ မောင်လေး ညီမလေးတွေက ဒီဟင်းကိုတောင် မစားမသောက်ဘဲ အမေတို့ကို ရှာကျွေးနေရတဲ့ ငါ့သမီးလေးအတွက် ချန်ထားခဲ့ တာပါကွယ်။ သူမစိတ်ထဲမှ သမီးဖြစ်သူ မြလေးအားပြောပြီး ဘေးမှာ ရှိနေတဲ့ သမီးငယ်နှင့် သားငယ်အား ခေါင်းလေးပွတ်၍ ပွေ့ဖက်ကာ စိတ်မကောင်း ဖြစ်နေမိသည်။
****************************************************************************
ဒီမိသားစုထဲမှာ လူလာဖြစ် ရတဲ့အတွက် သူမကိုယ့်ကိုကိုယ် မုန်းသည်။ ကလေးဘ၀ ထဲကနေ အခုသူမ အသက်၁၇နှစ် အရွယ်ထိ သူများကလေးတွေလို ပြည့်ပြည့်စုံစုံနှင့် မနေခဲ့ရ၊ ကျောင်းပင်ငယ်ငယ် ရွယ်ရွယ်နှင့် နားခံရ တဲ့ဘ၀၊ ဒါကြောင့် သူမဘ၀ကို လုံးဝမကျေနပ်။ ဘ၀ကို မကျေနပ် ချက်တွေနဲ့ ကြီးပြင်းခဲ့ပေမယ့် သူမနှင့် ဘ၀တူ အခင်ဆုံး သူငယ်ချင်း တစ်ယောက် တော့ရှိသည်။ သူ့နာမည်က သီရိ။ သီရိနှင့် သူမ ဘ၀တူခြင်းမို့ အရမ်းချစ်ကြသည်။ သီရိအမေက မျက်စိတိမ် ရောဂါကြောင့် မျက်လုံးနှစ်ဖက်လုံး ကွယ်ခဲ့ရတယ်။ ဆင်းရဲတော့ ကုသစရာ ငွေကြေး အဆင်မပြေခဲ့ဘဲ မျက်မမြင် မိခင်နှင့်အတူ ဆင်းဆင်းရဲရဲနှင့် ဘ၀ကို လှုပ်ရှားနေ ခဲ့ရသည်။
"သီရိရာ ငါတို့ဘ၀ တွေလည်း ဘယ်တော့များမှ ဒီဆင်းရဲတွင်းက လွတ်မှာလဲ မသိဘူးဟာ"
"ဟုတ်တယ်ဟာ၊ ငါလည်းပိုက်ဆံတွေ အများကြီး ရှိချင်တယ်။ ဒါမှ ငါလုပ်ချင်တဲ့ အရာမှန်သမျှ လုပ်လို့ရမှာ။ မြလေး ငါတို့တွေ ဒီတိုင်းနေလို့တော့ မဖြစ်ဘူးဟ၊ တခုခုတော့ စဉ်းစားရမှာဘဲ မြို့တက်ပြီး အလုပ်လုပ်ကြရင် ကောင်းမလား။ နင်ဘယ်လိုသဘောရလဲ"
သူငယ်ချင်း ဖြစ်သူသီရိ ရဲ့ စကားကြောင့် သူမ သီရိကို ကြည့်နေလိုက်သည်။ သီရိနှင့်သူမတို့ ငယ်ငယ်လေးထဲက တစ်ယောက်နှင့်တစ်ယောက် ဆိုးတိုင်ပင် ကောင်းတိုင်ပင်နေကြ ။
"နင်ကလဲ ငါတို့က မြို့ဆိုတာ ကြားရုံပဲ ကြားဖူးတာလေ။ အခုလို သွားရမယ်ဆိုတော့ ဘယ်မှာလာပြီး အသိမိတ်ဆွေက ရှိမှာလဲ။ ငါတို့လို လူကို ဘယ်သူက ကူညီမှာလဲဟ"
"နင့်ကိုငါပြောပြမယ် မြလေး ။ အခုဟာ ငါအလုပ် လုပ်နေတဲ့ အိမ်က အစ်မကြီးရဲ့ သူငယ်ချင်းက မြို့ကနေ လာတာဟ။ အဲဒါမြို့မှာ သူပြောပြတာတွေ အများကြီးပဲ။ ဒါကြောင့် ငါတို့ ဒီတိုင်းနေမယ့် အတူတူ မြို့တက်ပြီး အလုပ်သွား ရှာလုပ်ရင် ကောင်းမလားလို့။ နင့်ကို တိုင်ပင်ကြည့်တာ။ "
"အေးဟာ..ဒါဆို ငါစဉ်းစားလိုက်မယ်။ အဆင်ပြေရင် ငါတို့နှစ်ယောက် သွားကြတာပေါ့။ နင်လည်း အဲဒီအစ်မကြီးကို ဆက်သွယ်ထားလိုက်လေ။ အခြေအနေ ထူးရင် ငါ့ပြောဦး၊"
"အေးပါဟ နင်ကလဲ။"
**********************************************************************************
သူငယ်ချင်း ဖြစ်သူ သီရိနှင့် တွေ့ဆုံပြီးနောက် အိမ်ပြန်လာရာတွင် အိမ်ရှေ့အရောက်မှာ ဆူညံဆူညံ နှင့်မို့ သူမရပ်ကြည့် နေလိုက်သည် ။ အိမ်ရှေ့မှာလဲ ပစ္စည်းအထုတ်တွေ လွင့်ပစ်ထား လို့ပါလား။ ဘာများဖြစ် လို့ပါလိမ့်။
"ညည်းတို့ အိမ်လခ မပေးနိုင်တာ ဘယ်နှစ်လလောက် ရှိပြီလဲ ၊တစ်လ တစ်လ နေ့ရွေ့ညရွေ့နဲ့ ငါသည်းမခံနိုင်တော့ဘူး။ ဒီတော့ အခု ဒီအိမ်ကနေ ချက်ချင်း ဆင်းသွားပါ။ ညည်းတို့အထုတ်တွေ ပစ္စည်းတွေ အကုန်ယူသွား။ ငါ့အိမ်ကလည်း ချက်ချင်း ဆင်းသွား၊ ငါညည်းတို့ကို မမြင်ချင်တော့ဘူး။"
"အလုပ်ပါနဲ့ အစ်မကြီးရယ်။ ကျွန်မ တကယ်ကို အဆင်မပြေ သေးလို့ပါ။ ဒီတစ်လတော့ ခဏလောက် စောင့်ပေးပါ။ ကျွန်မ အတတ်နိုင်ဆုံး အဆင်ပြေအောင် ငွေရှာပြီး ပေးပါ့မယ်။
"ငါမစောင့်နိုင်ဘူး ။ ညည်းတို့ဟာက နေ့ရွေ့ညရွေ့နဲ့ ။ ဒီမှာ ညည်းမပေးနိုင်ရင် မနေနဲ့တော့။ ဒါဘဲ။ "
သူမအသာလေး အိမ်နားကပ်၍ နားထောင်နေလိုက် မိလိုက်သည်။ အိမ်ရှင်အဖွားကြီးနှင့် သူမမိခင်တို့ဧ။် အသံတွေ ဖြစ်နေပါလား။ အိမ်လခ လာတောင်းခြင်း ဖြစ်ကြောင်း သူမသိလိုက်သည်။
မိခင်ဧ။် တောင်းပန်နေသံများ၊ အိမ်ရှင်အဖွားကြီးဧ။် အော်ငေါက်သံများ၊ ညီမလေးနှင့်မောင်လေးတို့ဧ။် ငိုသံများ ၊ သူမကြား နေရသည်။
သူမအိမ်ထဲ ၀င်လိုက်သည်။ အခြေအနေ အရပ်ရပ်ကို သူမနားလည် လိုက်သည်။ အိမ်လခ ပေးရန် ငွေမရှိသောကြောင့် တောင်းပန်ရုံ မှတစ်ပါး အခြားမရှိတော့ ။ ဒါကြောင့် အိမ်ရှင်ဖြစ်သူ အဖွားကြီးအား သူမ အတတ်နိုင်ဆုံး ငွေရှာပြီး တစ်လအတွင်း ပေးပါမည်ဟု တောင်းပန်လိုက်သည်။ သူမအမေကလဲ ဒူးထောက်လျှက် အိမ်ရှင်ဖြစ်သူအား တောင်းပန်နေသည်။ အိမ်ရှင်အဖွားကြီးမှ သိပ်ကျေနပ်ချင်ပုံ တော့မပေါ်။ သို့သော် မတတ်သာပဲ
"အေး...ညည်းတို့ကို ဒီတလ ထပ်စောင့်မယ်။ ဒီတလ အတွင်း မပေးနိုင်ရင် ငါ့အိမ်ပေါ်က ချက်ချင်းဆင်းတော့။ ဒါဘဲ"
ပြောပြောဆိုဆို အဖွားကြီး အိမ်ပေါ်မှ ဆင်းကာ ပြန်သွားလေသည်။ ငိုယိုကာ ပြန်ကျဲနေသော ပစ္စည်းများ လိုက်လံသိမ်း ဆည်းနေသော မောင်လေးနှင့် ညီမလေးက ဒူးထောက်လျှက် ရှိနေသေးသော မိခင်အနားကို ပြေးလာကာ ဖက်ထားလိုက်ကြသည်။
သူမလည်း အခန်းထဲသို့ ၀င်ကာ ငိုနေမိသည်။ စားဖို့ပင် အနိုင်နိုင် အိမ်လခကို ဒီတလအတွင်း အကုန်ပေးရမည် ဆိုတော့ကြောင့် သူမ ဘာအလုပ်ကို ထပ်လုပ်ရင် ကောင်းမလဲ စဉ်းစားလိုက်သည်။ မျက်လုံးကို မှိတ်ထားပေမယ့် မျက်စိထဲမှာ ဒူးထောက် တောင်းပန်နေသော အမေ့ပုံရိပ်၊ ပစ္စည်းတွေ လွင့်ပစ်ရာနောက် ငိုယို၍ လိုက်လံ ကောက်ယူနေသော ညီမလေးနှင့် မောင်လေး ၊အော်ငေါက်ကျိန်း မောင်းနေသော အိမ်ရှင်အဖွားကြီးဧ။် မျက်နှာ၊ စသည်စသည် ပုံရိပ်များ သူမမျက်ဝန်းထဲမှာ နေရာယူ နေကြသည်။
အမေ့ကိုလည်း သနားသည်၊ မောင်လေးနှင့် ညီမလေးကိုလည်း သူမသနားနေမိသည်။ သို့ကြောင့် သီရိပြောသလို မြို့ကို စွန့်စားပြီး တက်မှဖြစ် တော့မယ်လို့ ဆုံးဖြတ်လိုက်သည်။ မြို့အကြောင်း လည်းမသိ၊ မြို့မှာ အသိမိတ်ဆွေ လည်းမရှိ၊ ဒါပေမယ့် ငွေရဖို့ အတွက် အလုပ်လုပ်ပြီး သူမ ကိုယ့်နည်း၊ ကိုယ့်ဟန်နှင့် ဘ၀ကို ရပ်တည်မယ်လို့ ဆုံးဖြတ်ချက် ချကာ သက်ပြင်းရှည် တချက်ကို လေးလေးပင်ပင် ချမိလိုက်လေသည်။ အတွေးစများကို ဖြတ်ကာ ထိုမွန်းကြပ်နေတဲ့ ညတစ်ညကို ကုန်ဆုံးရန် ခေါင်းအုံးကို မျက်နှာအပ်လျှက် အိပ်ပစ်လိုက်သည်။
"သီရိ နင်ပြောသလို ငါမဖြစ်ဖြစ်တဲ့ နည်းနဲ့မြို့ တက်မယ်ဟာ။ နင်ရော ဘယ်လိုသဘောရလဲ"
"အေး...လုပ်..သူငယ်ချင်း..ငါတို့အတူတူ တက်ကြတာပေါ့။ နှစ်ယောက်ဆိုတော့ အဖော်ရှိတာပေါ့ဟာ"
"အိုကေ...ဒါဆို...ဒီသုံးရက် အတွင်း တို့တွေစ လှုပ်ရှားကြမယ်"
"အိုကေမြလေး။ ငါလဲ ပြင်ဆင်ထားလိုက်မယ်"
သူတို့လက်ချင်း ရိုက်ကာ လူချင်းခွဲ နှုတ်ဆက်လိုက်ကြသည်။ သူမသွားမယ့် ခရီးအတွက် ထွေထွေးထူးထူး မပြင်ဆင်ရပေမယ့် ငွေကြေးမှာတော့ ပြင်ဆင်ရပါပြီ။
****************************************************************************
ဒီလိုနှင့် သူမနှင့်သီရိ မြို့ကိုရောက်လာ ခဲ့ကြသည်။ သီရိ အလုပ်ရှင်ရဲ့ သူငယ်ချင်း မသန္တာမှ နေဖို့ထိုင်ဖို့နှင့် အလုပ်ရှာ ဖွေချင်ရင် သူမအသိ မိတ်ဆွေ ဖြစ်တဲ့ ဒေါ်မွှေးမွှေး ဆိုသူအား သူမနာမည် ပြောကာ အကူအညီတောင်းဖို့ စာတစ်စောင် ရေးပေးလိုက်လေသည်။ သူမတို့ နှစ်ယောက်လည်း မြို့ရောက်ရောက်ခြင်း လိပ်စာမှ ဒေါ်မွှေးမွေးရဲ့ အိမ်ကို ရှာဖွေကြသည်။
သီရိမှ မြို့တွင် အလုပ်လာ ရှာကြောင်း၊ အဲဒါ သူမ အလုပ်ရှင်ရဲ့ သူငယ်ချင်း ဖြစ်တဲ့ မသန္တာမှ ဒေါ်မွှေးမွှေးရဲ့ စာတစ်စောင်နှင့် လိပ်စာကို ပေးလိုက်ကြောင်း၊ အခက်အခဲရှိက သူမနာမည်ကို ပြောပြကာ အကူအညီ တောင်းပါရန်လည်း မှာလိုက်ကြောင်း စသည်ဖြင့် ဒေါ်မွှေးမွှေးအား အကျိုးအကြောင်း ပြောပြနေလေသည်။
"အေးလေ...ဟုတ်ပါပြီ၊ မြို့တက်ပြီး အလုပ်လုပ်ဖို့ လာတယ်၊ အသိမိတ်ဆွေလည်း မရှိဘူးဆိုတော့ လောလောဆယ် နားဖို့အခက်အခဲ တော့ရှိမှာပဲ၊ ဒီတော့အခု တညတော့ အန်တီအိမ်မှာ တည်းပေါ့။ မနက်ဖြန် အန်တီအဆောင်တစ်ခု နေနိုင်အောင် စီစဉ်ပေးမယ်။ အလုပ်ကတော့ ညည်းတို့ဟာ ညည်းတို့ရှာပေါ့။ အန်တီလိုအပ်ရင် တခြားမှာ အလုပ်တွေ ရှိခဲ့ရင်လည်း ပြောမယ်လေ။ ဒါအန်တီ နိုင်သလောက် ကူညီပေးတာပဲ"
"ကျေးဇူးတင်ပါတယ် အန်တီရယ်"
သူမတို့ ပြိုင်တူ ကျေးဇူးတင် စကားဆို မိကြသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်တာ အပြုံးရိပ် ကိုယ်စီဖြင့် ၀မ်းသာနေကြသည်။ သို့နှင့် နောက်နေ့ မနက် ဒေါ်မွှေးမွှေးမှ ဦးဆောင်ခေါ်သွားခါ အဆောင်တစ်ခုမှာ သူတို့နှစ်ဦးအား ပို့ပေးခဲ့သည်။
"ကဲ...သမီးတို့ ညည်းတို့ဘ၀ကို ကောင်းကောင်းဆိုးဆိုး ညည်းတို့သာလျှင် ပိုင်တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရမယ်။ ကြုံလာတဲ့ အခက်အခဲတွေကို ကိုယ့်ဟာကိုယ် ဖြေရှင်းရမယ်။ ခုချိန်က စပြီး လိမ်လိမ်မာမာနှင့် အလုပ်ရှာ၊ အန်တီလည်း အလုပ်တွေတွေ့ရင် ပြောပါမယ်။ ကဲ...အန်တီပြန်ပြီ"
"ဟုတ်ကဲ့ပါ အန်တီကို တကယ် ကျေးဇူးတင်ပါတယ်။ ခုလို နေဖို့အတွက် ကိုယ်တိုင် ကူညီစီစဉ်ပေးတာ ကျေးဇူးတင် ပါတယ်အန်တီ"
"ရပါတယ်။ အန်တီလည်း ကိုယ်ကူညီ နိုင်သလောက် ကူညီတာပါ"
"ဟုတ် အန်တီ"
သူမတို့နှစ်ယောက် ပြန်သွားသော ဒေါ်မွှေးမွှေး ဆိုသူအား လက်ပြကာ နှုတ်ဆက်လိုက်ကြပြီး အခန်းထဲ ၀င်ရောက်ကာ ခရီးဆောင်အိတ်မှ ပစ္စည်းများကို နေရာတကျ ထားကာ အနားယူ နေလေသည်။ စိတ်ထဲမှာတော့ ပျော်သလိုလို ၀မ်းနည်းနေ သလိုလိုနှင့် ခံစားမှု ကိုယ်စီနှင့်၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးမိလိုက်ကြသည်။ ထိုအပြုံး ထဲတွင်တော့ အဓိပါယ် ပေါင်းများစွာ။
***********************************************************************************
နောက်တစ်နေ့ မိုးလင်းတာနဲ့ နှစ်ယောက်လုံး အလုပ်စရှာဖို့ ဆိုင်းပြင်းနေ ကြလေသည်။ တစ်နေ့တစ်နေ့ တဆိုင်ဝင် တဆိုင်ထွက် ၊ တရုံးဝင် တရုံးထွက် နှင့် အလုပ်လိုက်ရှာရင်း ကံကောင်းချင်တော့ မမျှော်လင့်ဘဲ ကုမဏီတခုမှ သွက်သွက်လက်လက် ရှိလှသော သူမတို့ နှစ်ယောက်အား သဘောကြကာ အလုပ်ခန့် လိုက်လေသည်။ ထိုကုမဏီက မသန်မစွမ်း ဆေးရုံများမှ လူနာများ၊ ဘိုးဘွားရိပ်သာမှ သက်ကြီးလူအိုများ၊ တခြားဆင်းရဲ ချို့တဲ့သော မိဘမဲ့ ကလေး သူငယ်များရဲ့ လိုအပ်ချက်များကို လစဉ်ထောက်ပံ ပေးနေသော ကုမဏီဖြစ်သည်။
လုပ်ရမည့် အလုပ်က အလှူခံ ပေးခြင်း ဖြစ်သည်။ သူမတို့အတွက် လွတ်လပ်သည်။ စိတ်ဖိစီးမှု မရှိ၊ ဒါပေမယ့် အလုပ်မှာ ပညာရေး သတ်မှတ်ချက် မရှိ၊ အခြေခံ လစာမရှိ၊ မိမိတို့ ပြောဆိုအလှူခံလို့ ရလာသလောက် ပိုက်ဆံကို ရာခိုင်နှုန်းနှင့် ပေးသည်။ သူမတို့ ကြိုးစားသလောက် ပိုက်ဆံရမည်။ ဘာပဲ ပြောပြော သူမတို့နှစ်ယောက် မြို့မှာ ရပ်တည်ဖို့ အတွက် ဒီအလုပ်ကို စမ်းသပ်လုပ် ဖို့အတွက် သဘောတူညီခဲ့သည်။
အလုပ်စ ဆင်းတဲ့နေ့ ကုမဏီရုံးကို ရောက်တော့ သူမတို့ နှစ်ယောက်အား စည်းမျှဉ်း၊ စည်းကမ်းများ နှင့်တကွ၊ ရုံးမှ လုပ်ဆောင်နေသော အရာများ၊ ပြောဆို ဆက်ဆံရေးများ သင်ကြားပေးသည်။ ထို့နောက် မြို့နယ်အလိုက် သွားရောက်ကာ စာအုပ်ဖြတ်ပိုင်းဖြင့် အလှူခံရမည်။ အယောက်နှစ်ဆယ်လောက် ရှိသောအဖွဲ့က မတူညီသော နေရာများတို့ လူချင်းခွဲကာ လိုက်လံအလှူခံ ရလေသည်။ စစခြင်းတော့ ယခုလို အလှူလိုက်ခံ ပေးရသည်ကို ရှက်သလိုလို ဖြစ်မိပေမယ့် နောက်ပိုင်း ထိုအလုပ်အပေါ် ပျော်လာသည်။ သူမတို့ နှစ်ယောက် တစ်နေ့ တမြို့နယ်ဖြင့် တစ်အိမ်ဝင် တအိမ်ထွက် လိုက်လံပြောဆို အလှူခံကာ တစ်ခါတစ်ခါ ထိုင်၍ အမောဖြေကာ နင်ကဖြင့် ဘယ်လောက်ရသွားပြီ ငါကဖြင့် ဘယ်လောက် ရသွားပြီ စသည်ဖြင့် မိမိတို့ ကောက်ခံ ရရှိလာတဲ့ ငွေများကို ကြည့်ကာပျော် နေကြသည်။ ငွေများများရလျှင် ကော်မရှင် များများ ရသည် မဟုတ်ပါလား။
"သီရိ...ဒီလိုမျိုး နေ့တိုင်းကောက်လို့ ရလာတဲ့ ပိုက်ဆံတွေသာ ငါတို့ကိုယ်ပိုင် ဖြစ်လာရင် သိပ်ကောင်းမှာပဲနော်"
"အေးပေါ့မြလေးရယ်။ နင်ကလဲ ပြောတတ်လိုက်တာ။ နင့်လိုမျိုး ငါလဲလို ချင်တာပေါ့။ ဒါကြောင့် ငါတို့ကြိုးစားပြီး အလှူငွေ များများရအောင် ကောက်ကြမယ် ဒါမှ ငါတို့လဲ ကော်မရှင် များများရ တာပေါ့ဟာ မဟုတ်ဘူးလား"
"ဟုတ်တာပေါ့။ လာသွားစို့ သူငယ်ချင်း အချိန်ရှိတုန်းလေး အလုပ်ဆက်လုပ် လိုက်ကြရအောင်"
သူမတို့နှစ်ယောက် လက်ချင်းရိုက် နှုတ်ဆက်ပြီး လူချင်းခွဲကာ အလှူခံဖို့ ထွက်ခွာသွား ကြလေသည်။ ညနေဆို ရုံးကို ပြန်သွားပြီး မိမိတို့ ကောက်ခံရ ရှိလာတဲ့ ငွေကြေးများကို ဖြတ်ပိုင်းစာအုပ် နှင့်တကွ ပြန်လည်သွား အပ်ရသည်။ ထို့မှသာ ကော်ခံလာတဲ့ ငွေကြေးရရှိမှု အပေါ်မူတည်ပြီး သူမတို့အတွက် ကော်မရှင် ငွေကိုရသည်။ ဒီလိုနဲ့ တစ်နေ့တာ အချိန်များကို အလုပ်ပေါ် ကြိုးစားလုပ်ရင်း ကုန်ဆုံးစေလိုက်သည်။
********************************************************************************
တစ်နေ့ မြလေး အတွေးပေါင်း မြောက်မြားစွာနဲ့ ငေးငေးငိုင်ငိုင် လမ်းလျှောက်နေတုန်း အနောက်မှ ကားဟွန်းသံကို မကြားမိဘဲ ကားပွတ်မိ သွားလေသည်။
(((အားးးးးးးးးးအမေ့....))
သူမ လန့်ုဖြတ်သွားခါ ထိုင်ရက်သား ကျသွားလေသည်။ ကားထဲမှ လူတစ်ယောက် ထွက်လာသည်ကို သူမ လဲကျနေရာမှ ခပ်စိမ်းစိမ်းကြည့်ကာ
"ကားကို ဘယ်လိုမောင်း လာတာလဲ၊ လူတစ်ယောက်လုံးကို မမြင်ဘဲ တိုက်တာ ခင်များ အတိုင်ခံ ချင်လို့လား"
သူမတရစပ် ပြောချင်ရာ ပြောနေတာကို တဖက်လူမှ ညိမ်ပြီးနား ထောင်နေတော့ သူမပြောနေရာမှ ရပ်ကာ ရှက်အမ်းအမ်းဖြင့် ထိုသူအား ကြည့်မိလေသည်။
"ဒီမှာအမိ၊ ပြောချင်ရာတွေပဲ ပြောနေတော့တာပဲ ။ တကယ်တမ်းက အမိကို ဟွန်းတီးပြီး သတိပေးပါတယ် ကျွန်တော်မှားတယ်ပဲ ထားပါတော့။ အမိတော်တော် လန့်သွား ပုံရတယ်။ကျွန်တော့ကြောင့် အမိတော်တော် လန့်တယ်ဆိုရင် ကျွန်တော် တောင်းပန်ပါတယ်ဗျာ"
ဥပတိရုပ်က ပြောစရာ မရှိအောင် ခန့်ချောနေတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ ချိုသာစွာ ပြောနေတဲ့ စကားထဲမှာ သူမ ခဏတာ မေ့မြောသွားမိလေသည်။
"အမိ..အမိ..."
"အန်..အဲ...ဟို...ရပါတယ်ရှင်...ကျွန်မလည်း ရုတ်တရက်ဆိုတော့ လန့်သွားတာပါ။ ကိစ္စမရှိ ပါဘူးရှင်"
သူမရှက်ကိုး ရှက်ကိုးနှင့် ဖြေမိလေသည်။
"ဒါနဲ့ အမိက နာမည်ကို ဘယ်လိုခေါ်ရမလဲ မသိဘူး။"
"ကျွန်မနာမည် ရင်မြပါ။ အားလုံးကတော့ မြလေးလို့ပဲ ခေါ်ပါတယ်"
"ဟုတ်ကဲ့ပါ မမြလေး၊ ဒါနဲ့မမြလေးက ဘယ်ကိုသွားမှာလဲ ကျွန်တော်မမြလေးကို လိုက်ပို့ပေးရမလား"
"နေပါစေရှင်။ ကျွန်မဘာမှ မဖြစ်ပါဘူး။ ဒီလိုပဲ လမ်းလျှောက်သွား တာက အကျင့်ဖြစ်နေပါပြီ။ ကျွန်မတို့ ကုမဏီက သက်ကြီးရွယ်အို၊ မိဘမဲ့ကလေး၊ မသန်မစွမ်း လူနာတွေအတွက် လစဉ်လစဉ် အလှူခံ လို့ရလာတဲ့ ငွေတွေကို ထောက်ပံ့ပေးတဲ့ အလုပ်ကို လုပ်ပါတယ်။ အခုလည်း ကျွန်မက တလမ်းဝင် တလမ်းထွက်နဲ့ အလှူလိုက်ခံရင်း အခုလို ဒီကအစ်ကိုနဲ့ တွေ့တာပါ"
"ဟာ..ဟုတ်လား..အင်မတန် ကောင်းလိုက်လေ မမြလေးရယ်။ ဒါဆို ကျွန်တော်လည်း ကုသိုလ်ရအောင် အလှူငွေ ထည့်မယ်လေ၊ ဒါကျွန်တော့လိပ်စာကဒ်ပါ။ အကူအညီလိုရင် အချိန်မရွေး လာနိုင်ပါတယ်"
"ဟုတ်ကဲ့...ကျေးဇူးပါရှင်"
"ဒါဆိုကျွန်တော့်ကို သွားခွင့်ပြုဦး။ အလှူအတွက် ကျွန်တော် တတ်နိုင်သလောက် ပါဝင်ချင်ပါတယ်။ ကျွန်တော့်ရုံးကို မမြလေး လာနိုင်ရင် လာခဲ့ပါလို့ ဖိတ်ပါတယ်"
"ဟုတ်ကဲ့၊ ကျွန်မ လာခဲ့ပါ့မယ်"
သူမ လိပ်စာကဒ်လေး ကိုင်ကာ ကားအကောင်း စားကြီးနှင့် ထွက်သွားသော ကိုလူချောလေးကို မျက်စိတဆုံး ကြည့်နေမိ လိုက်သည်။
ဒီနေ့ ကြုံခဲ့သမျှကို သူငယ်ချင်း ဖြစ်သူသီရိအား ပြောပြကာ နောက်တစ်နေ့ ထိုလူ့ရုံးခန်းကို သွားမည့်အကြောင်းပါ တိုင်ပင်လိုက်သည်။
"အေးဟ..နင်ပြောပုံဆို ဒီလူက ချမ်းသာတဲ့ အသိုင်းအ၀ိုင်းက ဖြစ်ဖို့များတယ်။ မြလေးနင်တော့ ကံကောင်းတာပဲ။ နင်သူ့ကို အမိဖမ်း လိုက်တော့ မလွတ်စေနဲ့"
"ဟာ..သီရိ နင်ကလဲ နင်ပြောသလိုလဲ မဟုတ်သေးဘူးဟ။ တလွဲတွေ မတွေးပါနဲ့ဟာ။
"သူက င့ါကို လိပ်စာကဒ် ပေးသွားတာက သူအလှူ ငွေထည့်ဖို့ သူ့ရုံးမှာ ငွေလာယူဖို့ကို လာခဲ့ခိုင်းတာပါ။ ပြီးတော့ နင်သိတဲ့အတိုင်း ငါတို့ဘ၀မှာ အချစ်က အဓိက မဟုတ်ဘူးလေဟာ"
သက်ပြင်းတစ်ခုကို ချလိုက်ရင်း မြလေးစိတ် ထဲမှာတော့ အချစ်နဲ့ ရင်ခုန်ခြင်းထက် ကြီးပွားချမ်းသာဖို့သာ အရေးကြီးသည် မဟုတ်ပါလား။
************************************************************************************
နောက်တစ်နေ့ သူမ သီရိကို ခေါ်ပြီး လိပ်စာကဒ်ထဲက ကိုခန့်ဝေ ဆိုသူရဲ့ ရုံးခန်းကို သွားဖို့ထွက်လာခဲ့ လိုက်တော့တယ်။ ကိုခန့်ဝေရဲ့ ရုံးက ဒီလောက် ကြီးကျယ်ခမ်းနား လိမ့်မယ်လို့ မထင်ထား ခဲ့တာပါ။ အဆင်သင့်ပဲ စာရေးမက ကိုခန့်ဝေ ဆိုသူရဲ့ အခန်းကို လိုက်ပို့ပေးပါတယ်။
"ဟာ..မမြဝေ..လာပါ..ထိုင်ပါ... ကျွန်တော့်ဆီ တကူးတက လာရတဲ့အတွက် အားနာလိုက်တာဗျာ"
"မဟုတ်တာပဲ ကိုခန့်ဝေ..ကျွန်မတို့က အလှူခံတဲ့ ပုဂိုလ်တွေပဲရှင် လာရမှာပေါ့"
"ဟား..ဟား..ဟုတ်ပါပြီ။ တကယ်တော့ ကျွန်တော်လည်း စီးပွားရေး ကုမဏီတွေနဲ့ အလုပ်တွေ များနေတော့ လှူဖို့ဆိုတာ တကူးတက အချိန်ပေး မလုပ်နိုင်ဘူး ဖြစ်နေတယ်လေ။ ဒီလိုလုပ်ဗျာ..ကျွန်တော် အလှူငွေကို ချက်လက်မှတ် နဲ့ပဲ ထိုးပေးလိုက်မယ် ။ ဖြစ်တယ်မဟုတ်လား မမြလေး"
"ဟုတ်ကဲ့။ ကိုခန့်ဝေ အဆင်ပြေ သလိုသာ လုပ်ပါ"
စကားပြောပြော ဆိုဆိုနဲ့ ကိုခန့်ဝေ လက်မှတ်ထိုးနေတုန်း ဟိုဟိုဒီဒီ မျက်စိကစား ကြည့်နေမိ လိုက်တယ်။
အာပါးပါး ဒီလူတော်တော် ချမ်းသာတာပဲလို့ ကောက်ချက်ချရင်း သီရိနှင့် နှစ်ဦးသား အဓိပါယ်သော မျက်လုံးများနှင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်ခုံးပင့်ပြ လိုက်သည်။ ပြီးတော့ ကိုခန့်ဝေ ဆိုသူမှ ကမ်းပေးသော စာအိတ်ကလေးနှင့် ချက်လက်မှတ်အား ယူကာ စကားပြောဆို နှုတ်ဆက်ပြီး နှစ်ဦးသား ပြန်လာခဲ့ လိုက်ကြတော့တယ်။
***********************************************************************
"ဟဲ့....သီရိ...အဲ့ချက်လက်မှာ ဘယ်လောက်လှူ လိုက်တယ်လို့ ထင်လဲ"
"ဘယ်သိမလဲဟ။ အနည်းဆုံး သောင်းကဏန်းပေါ့"
"ငါတို့ဖွင့် ကြည့်ရအောင်"
"အေး..ကောင်းသားပဲ..ဘယ်လောက်လဲ မသိဘူး"
ပြောပြောဆိုဆို မြလေး စာအိတ်ကိုဖောက်၍ အထဲမှ ချက်လက်မှတ် ကလေးအား ကြည့်လိုက်တော့ နှစ်ဦးသား ပါးစပ်အဟောင်းသားနှင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာစကားမှ မဆိုနိုင်တော့။ သူမတို့ တစ်သက်မှာ ဒီလောက် များတဲ့ ငွေကြေးပမာဏကို မြင်ရလိမ့်မယ်လို့ တစ်ခါမှ ထင်မထားခဲ့။
"သ..သ..သိန်းးး...သိန်းတစ်ထောင်တောင်"
နှစ်ယောက်သား သံပြိုင်ထွက်မိ လိုက်ကြသည်။
"ဟဲ့..ဒါဆို ငါတို့ ဘယ်လိုလုပ် ကြမလဲ။ နင်ကုမဏီကို ပြန်အပ်မလား ဒါမဟုတ်......."
သီရိစကား ဆက်မဆို၊ တ၀က်တပျက်နှင့် စကားကို ရပ်ထားရင် မြလေးအခြေအနေ နှင့်ပြောလာမယ့် စကားကို စောင့်ကြည့်နေလိုက်သည်။
"အေး...ဟုတ်တယ် ၊ ဒီလိုအခွင့် အရေးဆိုတာ နောက်ဘယ်တော့မှ ရမှာမဟုတ်ဘူး ၊ ငါတို့ဒီချက် လက်မှတ်ကို သွားအပ်ရင် ငါတို့လောက် မိုက်တဲ့သူ ရှိတော့မှာ မဟုတ်ဘူး သီရိ၊ ဒီတော့ ကုမဏီကို မပြောဘဲ ငါနဲ့နင် တစ်ယောက်တ၀က်စီ ခွဲယူကြမယ်။ နင်ဘယ်လိုသဘောရလဲ"
"အေး..ငါလည်း အဲ့ဒါပဲ ပြောမလို့ သီရိ။ ဒီငွေပမာဏက သူတို့လို သူဌေးတွေအတွက် ဘာမှပြောပ လောက်မှာ မဟုတ်ပါဘူးဟာ။ဒီတော့ ငါတို့ ဒီငွေတွေကို ထုတ်ပြီး တခြားကို ထွက်သွားကြမယ်"
"အိုကေ..သိပ်ကောင်းတဲ့ အကြံ"
နှစ်ဦးသား လက်ဝါးချင်း ရိုက်ကာ ရလာမယ့် ငွေအတွက် ရင်ခုန်ပျော်ရွှင် နေကြသည်။
*****************************************************************
ဒီလိုနဲ့ သီရိနဲ့ ရင်မြ နှစ်ဦးသား အလုပ်လုပ်နေသော ကုမဏီမှ မိမိတို့ ဇာတိနယ်မြေသို့ ပြန်တော့မည်ဟု ပြောပြီး အလုပ်ထွက်လိုက်ကာ တစ်ခြားမြို့သို့ သွားရောက်ပြီး ခြေရာဖျောက် နေလိုက်တော့သည်။ ထိုနေ့မှ စ၍ သီရိ တစ်ဖြစ်လဲ ဂျူလီယာ ၊ မြလေး တဖြစ်လဲ ရိုစီအဖြစ် နာမည်တွေ ပြောင်းပြီး စတိုင်လ်က အစ ပြောင်းလဲ ပစ်လိုက်ကြသည်။
သူမတို့ ပျော်နေကြသည် ၊ ဟုတ်တယ် သူမတို့ နှစ်ယောက် တစ်ခါမှ မပျော်ဖူးသည့် အပျော်များဖြင့် သိပ်ကို အပျော်ကြီး ပျော်နေကြသည်။
"ဟေး....ရိုစီ...ယူ့စတိုင်လ်က အရမ်းလန်းတယ်ကွာ"
"အမယ်....ဂျူလီယာ..အချင်းချင်းကို လာကပ်မြောက်နေ ပြန်ပါပြီ။ ဘာစားမလဲ ။ပြောစမ်း ပြောစမ်း"
ပီတိ အပြုံးနဲ့ မူယာခို့ခို့လေး တုံပြန်လိုက်တဲ့ ရိုစီ မှန်ရှေ့မှာ အိုက်တင် အပြည့်နဲ့ တမူထူး အလှပိုနေ ပြန်ပါတော့တယ်။
ဘ၀မေ့သွားတဲ့ ရိုစီနှင့် ဂျူလီယာ တို့နှစ်ယောက် နေ့ဘက်ဆို လျှော့ပင်းထွက် ၊ ညဘက်ဆို နိုက်ကလပ်တက်၊ သောက်လိုက် စားလိုက်နှင့် လောကစည်းစိမ် မှာသာယာ မဆုံးဖြစ် နေပါတော့တယ်။ ငွေအသပြာရဲ့ လှည့်စားမှုမှာ ယစ်မူးသွားမိတဲ့ ဂျူလီယာနဲ့ ရိုစီ ဆေးလိပ်သောက်၊ အရက်သောက်၊ နိုက်ကလပ်တက်၊ ယောင်္ကျားလေးများ နဲ့တတွဲတွဲ အချိန်ကုန်၊ သုံးဖြုန်းပြီး ဘ၀မှာ နစ်မွန်းမှန်းမသိ နစ်မွန်းနေ ပါတော့တယ်။ အသပြာရဲ့ လှည့်စားမှုကို ခံရမှန်းမသိ ခံနေရတဲ့ သူမတို့ နှစ်ယောက် အပျော်ကြီး ပျော်နေတုန်းပေါ့။
"အို...ဂျူလီယာ....မောနင်း..အစောကြီး နိုးနေတာလား"
နာရီကို ကြည့်၍ နှုတ်ဆက်လာသော ရိုစီဧ။် အမေးကို အိပ်မှုန်စုံမွှားနှင့်
"ဟုတ်တယ် ရိုစီ ၊ညက သောက်တာ များသွားတယ်လေ။ ခုခေါင်းတွေ တအားကိုက်နေတာ၊ ရေဆာလို့ ထလာသောက်တာ"
"ကိုယ့်လူကတော့ အိပ်တုန်းပဲ ။မထသေးဘူး"
"ကိုယ့်လူလဲ ဘာထူးလဲ အတူတူပါပဲ ဂျူလီယာရယ်။ ခုထိ အိပ်ရာထဲမှာ စည်းစိမ်ယူနေတုန်း"
"ဒါနဲ့ ဒီနေ့ ဘယ်ကိုသွားဖို့ ရှိလဲရိုစီ ။ တို့ဘယ်ရှော့ပင်း သွားရင် ကောင်းမလဲ "
"ကောင်းပြီ ဂျူလီယာ။ အဆင်သင့် ဖြစ်ရင် တို့တွေ သွားကြတာပေါ့"
"အိုးခေ...ရိုစီ"
စကားအပြန်အလှန် ပြောဆိုကြပြီး အခန်းထဲသို့ နှစ်ယောက်သား အသီးသီး ပြန်ဝင်သွား ကြတော့သည်။
**************************************************************
"ကျွန်တော်တို့ကို ၀င်ခွင့်ပြုပါ ခင်ဗျား"
"အို..ဟုတ်ကဲ့ ။ ဘာကိစ္စများ ရှိလို့ပါလဲရှင်"
နှစ်ယောက်သား မမြင်ဘူးသည့် လူစိမ်းများကြောင့် စိတ်ထဲစိုးရိမ်စိတ် နှင့် ပြန်လည် ဖြေဆိုရင်း
"ဒီက အစ်မတို့ နာမည်က ဂျူလီယာနဲ့ ရိုစီ ဟုတ်ပါတယ်နော်။
"ဟုတ်ပါတယ်။ ဘာကိစ္စများ ရှိလို့ပါလဲရှင်။ ဘာများ ကူညီပေးရမလဲ"
"ရဲဘော်၊ သူတို့နှစ်ယောက်လုံးကို လက်ထိတ်ခတ် ပြီးစခန်းကို ခေါ်သွားလိုက်ပါ"
စခန်းမှူးမှ ခေါင်းညိတ်ကာ လက်ထိတ်ခတ်ဖို့ အချက်ပေး ပြောစကားအပြီး ရုန်းကန်နေသော ရိုစီနှင့် ဂျူလီယာမှ
"အို...ရှင်တို့..ရှင်တို့...ဘာလုပ်တာလဲ။ ကျွန်မတို့ နှစ်ယောက်ကို ဘာလို့ ဒီလိုချုပ် ရတာလဲ။ လွတ်ပါ၊ လွတ်ပါ"
သူမတို့ ဘယ်လိုပင် ကြိုးစားရုန်း ပါသော်လည်း လက်ထိပ်ကိုယ်စီနဲ့ ဖြစ်သွားလေသည်။
နာမည်ပြောင်းထားတဲ့ မရင်မြနဲ့ မသီရိ တို့ကို ငွေကြေးလိမ်လည်မှုနဲ့ ခင်ဗျားတို့ နှစ်ယောက်ကို လိုက်ရှာနေတာပါ။ ကျွန်တော်တို့နဲ့ အေးအေးဆေးဆေး လိုက်ခဲ့ပြီး စခန်းရောက်မှ ရှင်းပါလို့ စခန်းမှူးမှ ပြောဆိုပြီး စခန်းရှိရာသို့ ခေါ်ဆိုသွားလေတော့သည်။
************************************************************
ဒီနေ့ တရားရုံးတော်မှာ အမိန့်ချမည့်နေ့ ။တရားသူကြီးဧ။် အမိန့်ချမှတ်မည့် အသံကို လူအားလုံး အပ်ကျသံပင် ကြားရအောင် တိတ်ဆိတ်စွာ စောင့်စားနေ ကြရသည်။
"အမိန့်..xxxxxxx"
ဂျူလီယာ နှင့်ရိုစီတို့အား တရားရုံးတော်မှ ငွေကြေးလိမ်လည် အလွဲသုံးစား လုပ်မှုနှင့် ထောင်ဒဏ် နှစ်နှစ် ကျခံစေရန် တရားသူကြီးမှ အသီးသီး ပြစ်ဒဏ် ချမှတ်လိုက်လေသည်။
မိဘကို အမျိုးမျိုး မောက်မာစိုင်းရိုင်းပြီး ချမ်းသာကြွယ်ဝချင်လို့ အသပြာရဲ့ သားကောင် ဖြစ်သွားကြ ရရှာတဲ့ ရိုစီနှင့်ဂျူလီယာ တစ်ဖြစ်လဲ ရင်မြနဲ့သီရိတို့ရဲ့ ငိုကြွေးချင်း မျက်ရည်များဟာ နောင်တတရားများနှင့် ရောယှက်နေ ပါတော့တယ်။
နွေးထွေးတဲ့ မိခင်မေတ္တာနဲ့ မိသားစု အိမ်လေးကို နောင်တများနှင့် တမ်းတငိုကြွေးရင်း အခုတော့ တံတိုင်တစ်ဖက်ခြားမှာ
((((အမေ အမေ အမေ အမေသမီးတို့ကို စောင့်နေပေးပါ )))))
သူမတို့ နှစ်ယောက်လုံးရဲ့ အမှားတွေကို ပေးဆပ်ရင်း.....
**************************************************************
ငွေတဲ့၊ စကားလုံးက တိုပေမယ့် နေရာတစ်ကာ သူမပါရင် မဖြစ်ဘူးနော်။ တချို့က ကိုယ်ပိုင်အစွမ်းအစ နဲ့သူ့ကို ရှာဖွေတာ ရှိသလို တချို့ကလည်း ခေါင်းပုံဖြတ် ဖြတ်လမ်းနည်းနဲ့ ရှာကြတယ်။ အများအားဖြင့် သူ့နောက်လိုက်ရင်း ဘ၀ပျက် သွားကြရတဲ့ သူတွေ ဒုနဲ့ဒေးပါ။ ခေတ်အနေ အထားအရ ဆိုရင်တော့ သူ့ဟာ အစစအရာရာ အားလုံးကို စွမ်းဆောင်နိုင်တယ်။ ဒ့ါကြောင့်မြန်မာမှာ စပွန်ဆာဆိုတဲ့ အသုံးအနှုန်းက တော်တော်ကို ကျယ်ပြန့်ပြီး နေရာယူ လာတာ ဖြစ်ရမယ်။
ဘာပဲပြောပြောလေ၊ အကောင်းဆုံးကတော့ ကိုယ့်ပင်ကိုယ် အရည်အချင်းနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရင်း လမ်းလွဲ မလိုက်ဘဲ ဖြူစင်သော စိတ်ဓာတ်နဲ့ ရိုးသားတဲ့ လောဘ ဖြင့် ကြိုးစားခြင်းက အကောင်းဆုံး ပါပဲလို့ ထင်မြင်မိပါတယ်။
အင်ဒိုနီးရှား နိုင်ငံမှ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုအား အကျဉ်းချုံး စိတ်ကူးယဉ် ပုံဖော်ရေးသားပါသည်။
0 comments:
Post a Comment