စွယ်စုံမြို့တော်သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Tuesday, January 24, 2017

သိမှတ်ဖွယ် တရားအစုများ


မြတ်စွာဘုရား ဟောကြား ညွှန်ပြတော်မူသော တရားတော်များကို လိုက်နာကျင့်သုံးခွင့်မရသော အခါသမယကို 'အက္ခဏ' ဟု ခေါ်သည်။ ယင်း အက္ခဏသည် ရှစ်မျိုးရှိ၏။ ယင်း အက္ခဏ ရှစ်မျိုးကိုပင် ရပ်ပြစ် ၈ ပါးဟု ခေါ်ကြ၏။




ပုညကိရိယ ဝတ္ထု ၁၀ ပါး

ပုညကိရိယ  =  ပြုထိုက်သည့် ကောင်းမှု၊
ဝတ္ထု  =  ကောင်းကျိုးတို့၏ တည်ရာ၊
ပုညကိရိယ ဝတ္ထု  =  ကောင်းကျိုးတို့၏ တည်ရာဖြစ်၍ ပြုထိုက်သည့် ကောင်းမှုများ။
ဒါန = စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း၊
သီလ = ငါးပါး၊ ရှစ်ပါး စသည် သီလ စောင့်ထိန်းခြင်း၊
ဘာဝနာ = တရားအားထုတ်ခြင်း၊
အပစာယန = ရိုသေထိုက်သူကို ရိုသေခြင်း၊
ဝေယျာဝစ္စ = ကုသိုလ် လုပ်ငန်းတို့ကို ဝိုင်းဝန်း ဆောင်ရွက်ခြင်း၊
ပတ္တိဒါန = မိမိပြုသည့် ကုသိုလ်အဖို့ကို အမျှဝေခြင်း၊
ပတ္တာနုမောဒန = သူတပါးပြုသည့် ကုသိုလ်ကို ဝမ်းမြောက်ခြင်း၊
ဓမ္မဿဝဏ = သူတော်ကောင်းတရား နာကြားခြင်း၊
ဓမ္မဒေသနာ = သူတော်ကောင်းတရား ဟောကြားခြင်း၊
ဒိဋ္ဌိဇုကမ္မ = ဖြောင့်မှန်သော အယူဝါဒ။
ပြုသင့်ပြုထိုက်သော ဤ ဖော်ပြပါ ကောင်းမှုတို့ကို အခွင့်သင့်တိုင်း ပြုလျှင် ကောင်းကျိုးချမ်းသာ တိုးပွါး၏။

လူတော် လူကောင်း အရည်အသွေးများ
သဒ္ဓါ = ရတနာသုံးပါးနှင့် ကံတရားကို ယုံကြည်ခြင်း၊
သတိ = ကုသိုလ်ကောင်းမှုတို့ကို မမေ့ခြင်း၊
ဟိရီ = မကောင်းမှု ပြုရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = မကောင်းမှု ပြုရမည်ကို ကြောက်လန့်ခြင်း၊
သုတ = အပြစ်ကင်းသော အကြားအမြင် ဗဟုသုတ၊
ဝီရိယ = ကုသိုလ်ကောင်းမှုတို့ကို အားထုတ်ပြုလုပ်ခြင်း၊
ပညာ = အသိ၊ အလိမ္မာ၊ အတတ်ပညာ၊
ဤဖော်ပြပါ အရည်အသွေးများကို သူတော်ကောင်း ဥစ္စာ ၇ ဖြာ ဟူ၍ လည်းကောင်း သူတော်ကောင်းတရား ၇ ပါး ဟူ၍ လည်းကောင်း ခေါ်ဝေါ်ကြသည်။

အရိယာဥစ္စာ ၇ ဖြာ

သဒ္ဓမ္မဟု ခေါ်သည့် အထက်ပါ သူတော်ကောင်း တရား ၇ ပါးကို အရိယဓန = အရိယာဥစ္စာ ၇ ဖြာနှင့် ရေားထွေးနေတတ်ကြသည်။ အရိယာဥစ္စာ ၇ ဖြာမှာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ(ဒါန)၊ ဟိရီ၊ ဩတ္တပ္ပ၊ ပညာ တို့ ဖြစ်ကြသည်။

သူမိုက် သူယုတ် လက္ခဏာ သုံးပါး
မကောင်းမှုကိုသာ ကြံစည်ခြင်း၊
မကောင်းသော အပြစ်မကင်းသော စကားကိုသာ ပြောဆိုခြင်း၊
မကောင်းမှုကိုသာ ပြုလုပ်ခြင်း။
သူတော် သူမြတ် လက္ခဏာ သုံးပါး
ကောင်းမှုကိုသာ ကြံစည်ခြင်း၊
ကောင်းသော အပြစ်ကင်းသော စကားကိုသာ ပြောဆိုခြင်း၊
ကောင်းမှုကိုသာ ပြုလုပ်ခြင်း။
သူယုတ်ဟု သိကြောင်း လက္ခဏာ
သူတပါး၏ အပြစ်ကို တစုံတယောက်က မမေးပဲလျက် ပြောတတ်ခြင်း၊ မေးလျှင်ကား သာသာထိုးထိုး ချဲ့ကား၍ ပြောတတ်ခြင်း။
မိမိ၏ အပြစ်ကိုမူ တစုံတယောက်က မမေးလျှင် မပြောပဲ ဖုံးထားတတ်ခြင်း၊ မေးလျှင်လည်း အနည်းငယ်မျှသာ ပြောခြင်း။
သူတပါး၏ ဂုဏ်ကျေးဇူးကို မည်သူကမျှ မမေးလျှင် မပြောပဲထားခြင်း၊ မေးလျှင်လည်း အနည်းငယ်မျှသာ ပြောခြင်းး
မိမိ၏ ဂုဏ်ကျေးဇူးကိုမူ မမေးပဲလျက် ထုတ်ဖော် ပြောပြတတ်ခြင်း၊ မေးလျှင်ကား ပိုပိုမိုမို သာသာထိုးထိုး ပြောခြင်း။
ဤ အကြောင်းအချက် လက္ခဏာ ၄ ပါးနှင့် ပြည့်စုံသူကို သူယုတ် ဟု သိနိုင်၏။
( အင်္ဂုတ္ထိုရ်၊ အဋ္ဌက၊ သပ္ပုရိသသုတ် )

သူတော်ကောင်းဟု သိကြောင်း လက္ခဏာ
သူတပါး၏ အပြစ်ကို မည်သူကမျှ မမေးလျှင် မပြောပဲ နေခြင်း၊ မေးသော်လည်း အနည်းငယ်မျှသာ ပြောခြင်း။
မိမိ၏ အပြစ်ကိုမူ မည်သူကမျှ မမေးသော်လည်း ပြောသင့်က ပြောပြတတ်ခြင်း၊ မေးလျှင်ကား ပြည့်ပြည့်စုံစုံ ပြောပြခြင်း။
သူတပါး၏ ဂုဏ်ကျေးဇူးကို မည်သူကမျှ မမေးသော်လည်း ပြောပြတတ်ခြင်း၊ မေးလျှင်ကား ပြည့်ပြည့်စုံစုံပြောပြခြင်း။
မိမိ၏ ဂုဏ်ကျေးဇူးကို မည်သူကမျှ မမေးလျှင် မပြောပဲ လျှို့ဝှက် သိုသိပ်ခြင်း၊ မေးလျှင်လည်း အနည်းငယ်မျှသာ ပြောခြင်း။
ဤ အကြောင်းအချက် လက္ခဏာ ၄ ပါးနှင့် ပြည့်စုံသူကို သူတော်သူမြတ်ဟု သိနိုင်၏။
( အင်္ဂုတ္တိုရ်၊ အဋ္ဌက၊ သပ္ပုရိသသုတ် )

လောကပါလ တရားနှစ်ပါး
ဟိရီ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း၊
လောကပါလ = လောကကို စောင့်ရှောက်သော တရား။
လောကဓံတရား ရှစ်ပါး

လာဘ = ပစ္စည်းဥစ္စာ ရခြင်း
အလာဘ = ပစ္စည်းဥစ္စာ မရခြင်း
ယသ = အခြွေအရံ ပေါများခြင်း
အယသ = အခြွေအရံ မရှိခြင်း
နိန္ဒာ = အကဲ့ရဲ့ခံရခြင်း
ပသံသာ = အချီးမွမ်းခံရခြင်း
သုခံ = ချမ်းသာခြင်း
ဒုက္ခံ = ဆင်းရဲခြင်း
ချမ်းသာ လေးမျိုး

အတ္ထိသုခ = "ငါ့မှာ ပစ္စည်း ဥစ္စာရှိသည်" ဟုစဉ်းစားဆင်ခြင်၍ ချမ်းသာခြင်း
ဘောဂသုခ = ရှိသည့် ပစ္စည်းဥစ္စာကို သုံးဆောင် ခံစားရ၍ ချမ်းသာခြင်း
အာနဏျသုခ = ကြွေးမြီ ကင်းသည်ကို စဉ်းစားဆင်ခြင်မိ၍ ချမ်းသာခြင်း
အနဝဇ္ဇသုခ = ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး အပြစ်ကင်းသည်ကို စဉ်းစား ဆင်ခြင်မိ၍ ချမ်းသာခြင်း
ဤ ချမ်းသာ ၄ မျိုးအနက် ရှေ့ ၃ မျိုးသည် နောက်ဆုံးဖြစ်သော (အနဝဇ္ဇသုခ) ကိုယ်၊ နှုတ်၊ စိတ် အပြစ်ကင်းခြင်းကြောင့် ရရှိသည့် ချမ်းသာ၏ တဆယ့်ခြောက်စိတ်စိတ် တစိတ်ကိုမျှ မမီကြောင်း မြတ်စွာဘုရား ဟောတော်မူ၏။  ( အင်္ဂုတ္တိုရ်၊ စတုက္က၊ အာနဏျသုတ် )

သပ္ပုရိသဒါန ငါးမျိုး
ကံနှင့် ကံ၏ အကျိုးကို ယုံကြည်မှုဖြင့် ပေးလှူခြင်း
အလှူခံ ပုဂ္ဂိုလ်ကိုလည်း ရိုသေ၊ အလှူဝတ္ထု ပစ္စည်းကိုလည်း အမွန်အမြတ်ပြု၍ ပေးလှူခြင်း
ပေးလှူသင့်သော အချိန်အခါ၌ ပေးလှူခြင်း
လှူအပ်သောပစ္စည်း၌ ငြိတွယ်ခြင်း မရှိပဲ လွတ်လွတ် ကျွတ်ကျွတ် ပေးလှူခြင်း
ကိုယ့်ဂုဏ်ကိုလည်း မထိပါး သူတပါးဂုဏ်ကိုလည်း မထိပါးစေပဲ ပေးလှူခြင်း
( အင်္ဂုတ္ထိုရ်၊ ပဉ္စက၊ ၁၅၂ )
သပ္ပုရိသဒါန = သူတော်ကောင်းတို့၏ ပေးလှူခြင်း။

တနည်း သပ္ပုရိသဒါန ငါးမျိုး
ရိုရိုသေသေ ပေးလှူခြင်း
အလှူခံပုဂ္ဂိုလ်ကိုလည်း ရွေးချယ်၍၊ လှူဖွယ်ဝတ္ထုကိုလည်း အမွန်အမြတ် ဖြစ်အောင် ပြုပြင် စီမံ၍ ပေးလှူခြင်း
ကိုယ်တိုင်ကိုယ်ကျ ပေးလှူခြင်း
အမြဲမပြတ် ပေးလှူခြင်း
ကံနှင့် ကံ၏ အကျိုးကို ယုံကြည်လျက် ပေးလှူခြင်း
( အင်္ဂုတ္တိုရ်၊ ပဉ္စက၊ ၁၅၂ )

အသပ္ပုရိသဒါန ငါးမျိုး
မရိုမသေ ပေးလှူခြင်း
အလှူခံပုဂ္ဂိုလ်ကိုလည်း မရွေးချယ်၊ လှူဖွယ်ဝတ္ထုကိုလည်း အမွန်အမြတ် ဖြစ်အောင် မပြုပြင် မစီမံပဲ ပေးလှူခြင်း
ကိုယ်တိုင် မလှူပဲ သူတပါးကို အလှူခိုင်းခြင်း
ရံဖန်ရံခါမှ ပေးလှူခြင်း
ကံနှင့် ကံ၏ အကျိုးကို ယုံကြည်မှု မရှိပဲ ပေးလှူခြင်း
( အင်္ဂုတ္တိုရ်၊ ပဉ္စက၊ ၁၅၁ )
အသပ္ပုရိသဒါန = မသူတော်တို့၏ ပေးလှူခြင်း

တနည်း သပ္ပုရိသဒါန ရှစ်မျိုး
သန့်ရှင်းစင်ကြယ်သော ပစ္စည်းကို ပေးလှူခြင်း
မွန်မြတ်သော ပစ္စည်းကို ပေးလှူခြင်း
သင့်လျော်သော အချိန်၌ ပေးလှူခြင်း
အပ်စပ်သော ပစ္စည်းကို ပေးလှူခြင်း
အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်၍ ပေးလှူခြင်း
အမြဲမပြတ် စိတ်ကြည်လင်ခြင်း
ပေးလှူပြီးနောက် ဝမ်းမြောက်ခြင်း
(အင်္ဂုတ္တိုရ်၊ အဋ္ဌက၊ ၇၄ )

ဝိဇ္ဇာသုံးပါး
ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = ရှေးရှေး ဘဝတို့၌ ဖြစ်ခဲ့ သမျှကို ပြန်၍ သတိရနိုင်သိနိုင်သော ဉာဏ်
ဒိဗ္ဗစက္ခုဉာဏ် = နတ် မျက်စိကဲ့သို့ အဝေး၌ ရှိသောအရာ၊ သေးငယ်သော အရာတို့ကို မြင်နိုင်သော  ဒိဗ္ဗစက္ခုဉာဏ် = ဉာဏ်
အာသဝက္ခယဉာဏ် = ကိလေသာ အာသဝေါ တို့ကို ကုန်ခန်းစေသော ဉာဏ်
ဝိဇ္ဇာရှစ်ပါး
ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
ဒိဗ္ဗစက္ခုဉာဏ်
အာသဝက္ခယဉာဏ်
ဝိပဿနာဉာဏ် = ရုပ်နာမ်တို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကို သိသော ဉာဏ်
စေတောပရိယဉာဏ် = သူတပါးစိတ်ကို သိသော ဉာဏ်
မနောမယိဒ္ဓိဉာဏ် = မိမိ ခန္ဓာကိုယ် အတွင်း၌ တခြားခန္ဓာကိုယ်တခုကို စိတ်ဖြင့် ဖန်ဆင်း နိုင်သော  မနောမယိဒ္ဓိဉာဏ် = ဉာဏ်
ဒိဗ္ဗသောတဉာဏ် = အဝေမှ အသံ၊ သေးငယ်သော အသံတို့ကို ကြားနိုင်သော ဉာဏ်
ဣဒ္ဓိဝိဓဉာဏ် = တန်ခိုး အမျိုးမျိုး ဖန်ဆင်းနိုင်သော ဉာဏ်
စရဏတရား တဆယ့်ငါးပါး
သီလ = ကိုယ် နှုတ် နှစ်ပါးကို စောင့်စည်း ထိန်းသိမ်းခြင်း။ ငါးပါး သီလ၊ ရှစ်ပါး သီလ၊ပါတိမောက္ခသံဝရ သီလ စသည်များ
ဣန္ဒြိယသံဝရ = မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော ဣနြေ္ဒ ခြောက်ပါးနှင့် စပ်၍  ဣန္ဒြိယသံဝရ = ကိလေသာ မဖြစ်ရအောင် ဖြစ်ပေါ်သမျှကို သတိဖြင့် ရှုသိနေခြင်း
ဘောဇနေမတ္တညုတာ = အစားအသောက်ကို သင့်တင့်အောင် ချင့်ချိန်၍ စားသောက်ခြင်း
ဇာဂရိယာနုယောဂ = နိုးနိုးကြားကြား ရှိမှု၊ သတိတည်းဟူသော နိုးကြားမှု အမြဲရှိနေခြင်း
သဒ္ဓါ = ရတနာ သုံးပါးနှင့် ကံ ကံ၏ အကျိုးကို ယုံကြည်မှု
သတိ = ကုသိုလ်ကောင်းမှုတို့ကို သတိရခြင်း
ဟိရီ = မကောင်းမှုပြုရမည်ကို ရှက်ခြင်း
ဩတ္တပ္ပ = မကောင်းမှု ပြုရမည်ကို ကြောက်လန့်ခြင်း
ဝီရိယ = ကုသိုလ်ရေးတို့၌ အားထုတ်ခြင်း
သုတ = အပြစ်ကင်းသော အကြားအမြင်ဗဟုသုတ
ပညာ = အသိ၊ အလိမ္မာ၊ အတတ် ပညာ
ပထမဈာန်
ဒုတိယဈာန်
တတိယဈာန်
စတုတ္ထဈာန်

ဆောင်ပုဒ်

သီဣန်ဘောဇော၊ ခုနစ်ဖြာသဒ္ဓမ္မ၊ ဈာန်လေးဝ၊ စရဏ တဆယ့်ငါး။

လောကသုံးပါး
သတ္တလောက = သက်ရှိ သတ္တဝါ အားလုံး
ဩကာသလောက = သတ္တဝါတို့၏ တည်နေရာ ဘုံများ ( အပါယ်၎ဘုံ၊လူ့ဘုံ၊နတ်၆ဘုံ၊ဗြဟ္မာဘုံ၂၀ )
သင်္ခါရလောက = ဖြစ်တတ်ပျက်တတ်သော ရုပ်နှင့် နာမ်
အပါယ် လေးပါး
ငရဲ
တိရစ္ဆာန်
ပြိတ္တာ
အသူရကာယ်
ကပ်သုံးပါး
သတ္ထန္တရကပ် = အချင်းချင်း လက်နက် အမျိုးမျိုး တို့ဖြင့် ထိုးခုတ် သတ်ဖြတ်၍ သေကြေ  သတ္ထန္တရကပ် = ပျက်စီးကြရခြင်း
ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ခေါင်းပါးသည့် ဘေးကြီးဆိုက်၍ သေကြေ ပျက်စီးကြရခြင်း
ရောဂါန္တရကပ် = ဝမ်းရောဂါ၊ ကျောက်ရောဂါ ကဲ့သို့သော ကပ်ရောဂါကြီးများ ကျရောက်၍ သေကြေ  ရောဂါန္တရကပ် = ပျက်စီးကြရခြင်း

အက္ခဏ ရှစ်ပါး

မြတ်စွာဘုရား ဟောကြား ညွှန်ပြတော်မူသော တရားတော်များကို လိုက်နာကျင့်သုံးခွင့်မရသော အခါသမယကို 'အက္ခဏ' ဟု ခေါ်သည်။ ယင်း အက္ခဏသည် ရှစ်မျိုးရှိ၏။ ယင်း အက္ခဏ ရှစ်မျိုးကိုပင် ရပ်ပြစ် ၈ ပါးဟု ခေါ်ကြ၏။
ဘုရားပွင့်ချိန်တွင် ငရဲဘုံ၊
တိရစ္ဆာန်ဘုံ၊
ပြိတ္တာဘုံ၊ တဘုံ ဘုံ၌ ဖြစ်ရခြင်း
ဘုရားပွင့်ချိန်တွင် အသက်ရှည်သော အသညသတ်ဗြဟ္မာ၊ အရူပ ဗြဟ္မာ ဖြစ်ရခြင်း
ဘုရားပွင့်ချိန်တွင် အစွန်အဖျားကျသော ပစ္စန္တရစ်အရပ်၌ လူဖြစ်ရခြင်း
ဘုရားပွင့်ချိန်တွင် ဘုရားသာသနာတော် ထွန်းကားရာ အရပ်၌ လူဖြစ်သော်လည်း အယူဝါဒမှားကို ယူမိခြင်း
ဘုရားပွင့်ချိန်တွင် သာသနာထွန်းကားရာ အရပ်၌ လူဖြစ်သော်လည်း အသိဉာဏ် နုံ့လှ၍ ထူထိုင်း ဖျင်းအ ခြင်း
အရပ်ဒေသကောင်း၌ ဉာဏ်ရှိသော လူ ဖြစ်ရသော်လည်း ဘုရားမပွင့်သည့်အခါ၊ သာသနာပ အခါနှင့် ကြုံကြိုက်ခြင်း
( အင်္ဂုတ္တိုရ်၊ အဋ္ဌက၊ အက္ခဏသုတ် )

ရန်သူမျိုး ငါးပါး
ရေ
မီး
မင်းစိုးရာဇာ
သူခိုး ဒမြ
အမွေခံဆိုး
ဝိပတ္တိတရား လေးပါး
ကာလဝိပတ္တိ = ခေတ်ဆိုး၊ ကာလဆိုး
ဂတိဝိပတ္တိ = အပါယ်ဘုံ၌ ဖြစ်ရခြင်း
ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်း
ပယောဂဝိပတ္တိ = သတိ၊ ဝီရိယ၊ ဉာဏ်ပညာ မရှိခြင်း
( အဘိ-ဋ္ဌ ၂၊ ၄၂၁ )

ဗျသနတရား ငါးပါး
ဉာတိဗျသန = ဆွေမျိုး ပျက်စီးခြင်း
ရောဂဗျသန = မကျန်းမမာ အနာရောဂါ ဖြစ်ပွါးခြင်း
ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း
ဒိဋ္ဌီဗျသန = အယူမှားကို ယူခြင်း
သီလဗျသန = သီလ ပျက်စီးခြင်း

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ