စွယ်စုံမြို့တော်သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Monday, January 23, 2017

လက်ဖဝါးမှာ အရည်ပျော်ကျတဲ့ သတ္တု သို့မဟုတ် Gallium

သတ္တုလို့ ပြောလိုက်ရင် ခိုင်မာတာ၊ တောင့်တင်းတာတွေ စဉ်းစားမိနိုင်ခြေအများဆုံး ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ Gallium ဆိုတဲ့ ဒြပ်စင်က အဲဒီအတွေးအမြင်ကို ပြောင်းလဲစေပါတယ်။
Gallium ဒြပ်စင်က မျှော်လင့်ထားသလိုမဟုတ်တဲ့ သတ္တုတစ်မျိုးဖြစ်ပါတယ်။ ပျော့ပျောင်း၊ ငွေ့ရောင်ရှိပြီး ပုံမှန်အခန်းအပူချိန်မှာ ခိုင်မာတောင့်တင်းပေမယ့် လက်ဖဝါးထဲ လုံးဝအရည်ပျော်သွားနိုင်တဲ့ သတ္တုတစ်မျိုး ဖြစ်ပါတယ်။ ထူးဆန်းပြီး မြင်တွေ့နေကျမဟုတ်ပေမယ့် ယုတ္တိတန်ပါတယ်။ Gallium အတွက် ပျော်ဝင်အမှတ်က အတော်လေးနည်းပါတယ်။ ၈၅ ဒီဂရီဖာရင်ဟိုက် (၂၉.၈ ဒီဂရိဆဲလ်စီးရပ်စ်) ပါ။ ဒါပေမယ့် ဒီဒြပ်စင်အတွက် ရေဆူအမှတ်က အရမ်းမြင့်ပါတယ်။ ၄၀၄၄ ဒီဂရီဖာရင်ဟိုက် (၂၂၂၉ ဒီဂရီဆဲလ်စီးရပ်စ်) ဖြစ်ပါတယ်။ ဒီချက်က gallium ကို အပူချိန်တိုင်းတာဖို့ အကောင်းဆုံး ဖြစ်စေပါတယ်။ Gallium ဟာ mercury ၊ cesium နဲ့ rubidium ဒီသတ္တု (၄) ခုထဲက တစ်ခုဖြစ်ပါတယ်။ ဒီသတ္တုတွေဟာ အရည်လည်း ဖြစ်နိုင်ပြီး အပူချိန်မြင့် တာမိုမီတာတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ သတ္တုထဲက အရည်ပျော်ဝင်မှုဖြစ်စဉ်အရှည်ကြာဆုံးတွေထဲက တစ်ခုရှိပြီး အပူချိန်မြင့်တက်နေချိန်မှာတောင် အငွေ့ပြန်မှု နည်းပါတယ်။
Gallium က လက်ဖဝါးပေါ် အရည်ပျော်ကျတဲ့ ထူးဆန်းတဲ့အရာဝတ္ထုတစ်ခုဆိုတာထက် ပိုပါတယ်။ Gallium ဖန်ခွက် သို့မဟုတ် ကြွေထည်တွေကို တောက်ပြောင်စေပြီး ဖန်ထည်ပေါ် သုတ်လိမ်းလိုက်ပါက အလွန်ကောင်းမွန်တဲ့ ကြေးမုံတစ်ခု ပုံဖော်ပေးပါတယ်။ Gallium ကို လျှပ်ကူးပစ္စည်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြထားပါတယ်။
Gallium အကြောင်း မှန်ကန်တဲ့အချက်များ
Gallium က ပုံမှန်အခန်းအပူချိန်မှာ မာတောင့်တဲ့ သတ္တုတစ်ခုဖြစ်ပေမယ့် လက်ထဲမှာ အရည်ပျော်ပါတယ်။
Gallium အရည်ပျော်ဝင်မှု အနေအထားရှိတဲ့အချိန်မှာ လက်ထဲမှာ အေးခဲသလို ခံစားရပါတယ်။
အလူမီနီယမ်ပေါ် ပျော်ကျပါက အလူမီနီယမ်ကို လက်နဲ့ ချိုးနိုင်လောက်အောင် ကြွပ်ဆတ်သွားစေပါတယ်။
Source : Trend Myanmar

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ