စွယ်စုံမြို့တော်သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Thursday, January 19, 2017

ထူးဆန်းသောဗုဒ္ဓဘာသာနေရာများ

အဂျင့်တာ့လှိုဏ်ဂူ
အိန္ဒိယနိုင်ငံ ရှိ ကြည်ညိုဖွယ်ရာ ဗုဒ္ဓရတနာများ မြောက်အများ တည်ရှိရာ အဂျင့်တာ့လှိုဏ်ဂူ အကြောင်း
.
အဂျင့်တာ့လှိုဏ်ဂူဆိုတာကတော့ အိန္ဒိယနိုင်ငံမှာတည်ရှိပြီး မွန်ဘိုင်းမြို့ကနေ မိုင်ပေါင်း ၂၈၀ ဝေးပါတယ်။ မြင်းခွာပုံကျောက်တောင်မှာ လူတွေထွင်းထုထားတဲ့ ဗုဒ္ဓလှိုဏ်ဂူပေါင်း ၃၀ ရှိပါတယ်။
.
.
» အဂျင့်တာ့လှိုဏ်ဂူတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်က ဘယ်လိုနည်းပညာနဲ့ ထွင်းထုခဲ့လဲဆိုတာကိုလဲ ခေတ်သစ်အင်ဂျင်နီယာပညာရှင်တွေအဖြေမထုတ်နိုင်သေးဘဲဖြစ်နေဆဲပါ။
.
.
» အဂျင့်တာ့လှိုဏ်ဂူတစ်ခုစီရဲ့မျက်နှာမူရာအရပ်ကို မတူအောင်တည်ဆောက် ထားပါတယ်။ နေရောင်ကို ဂူထဲမှာရှိတဲ့ ဘုရားဆင်းတုတော်ဆီကိုသာ တိုက်ရိုက်အလင်းရောက်ဖို့အတွက် စီမံတည်ဆောက်ထားတာပါ။ ဒါကြောင့်မို့ အဂျင့်တာ့လှိုဏ်ဂူ တည်ဆောက်ခဲ့သူတွေရဲ့ နက္ခတ္တဗေဒ တဖက်ကမ်းခတ်ကျွမ်းကျင်မှုကို ခေတ်သစ် သိပ္ပံပညာရှင်တွေက အံမခန်းဖြစ်ကြတာပါ။ ကျောက်တံခါးပြူတင်းကဝင်လာတဲ့ မနက်ခင်းနေရောင်ခြည်နဲ့ ဗုဒ္ဓဆင်းတုတော်ကို ပူဇော်ထားတာကိုတော့ လှိုဏ်ဂူအမှတ် ၁၉ နဲ့ ၂၆ မှာဖူးမျော်ကြည်ညို နိုင်ပါတယ်။ အံသြဖွယ်ပါဘဲ...
.
.
» ဂူတိုင်းမှာတော့ ကျောက်သားအတိပြီးတဲ့ဘုရားကျောင်းဆောင်တွေ၊ ဆင်းတုတော်တွေ၊ ပန်းပုလက်ရာတွေ၊ နံရံဆေးရေးပန်းချီတွေနဲ့ပြည့်နှက်နေပြီး ဗုဒ္ဓရဲ့ဘဝဖြစ်စဉ်တွေကို ထွင်းထုပူဇော်ထားပါတယ်။
.
.
» တစ်ချို့ဂူတွေကတော့ ဘုန်းကြီးကျောင်းဆောင်တွေဖြစ်ပြီး ရဟန်းတွေသတင်းသုံး တရားအားထုတ်ခဲ့ကြတာပါ။ ကျောက်တောင်ရှေ့မှာ ၀မ်ဂိုရာမြစ်ကွေ့ပတ်စီးဆင်းနေပြီး မိုးတွင်းအခါမှာတော့ ကျောက်တောင်ပေါ် ကနေဖြတ်စီးနေတဲ့ ရေတံခွန်သံက လှိုဏ်ဂူထဲကနေတောင်ကောင်းကောင်းကြားနိုင် ပါတယ်။
.
.
» လှိုဏ်ဂူတွေထဲမှာ ထေရဝါရကိုးကွယ်မှုတွေနဲ့သက်ဆိုင်တဲ့ ရှေးကျတဲ့ အကြောင်းအ ရာတွေကိုဖူးမျှော်နိုင်သလို မဟာရနကိုးကွယ်မှုအကြောင်းတွေ ကိုလည်းလေ့လာနိုင်ပါတယ်။ အဂျင့်တာ့လှိုဏ်ဂူကတော့ နိဗ္ဗန်တံခါးပေါက်ဖြစ်ခဲ့မှာ အသေအချာပါဘဲ။
.
.
»ပညာရှင်တွေရဲ့ကောက်ချက်ကလည်းစိတ်ဝင်စားစရာပါ။ ရှေးခေတ်လူသားတွေက သူတို့အမှန်တကယ်တွေ့ခဲ့ရတာတွေကို ပန်ချီးဆွဲတာတို့ ပန်းပုထုတာတို့ အမြဲတမ်း လုပ်ပါတယ်တဲ့။
.
.
» ဂူထဲရှိ အရောင်အသွေးစုံ စွာရေးချယ်ထားတဲ့ ဗုဒ္ဓပန်းချီလက်ရာတွေကတော့ ရှေးအကျဆုံးနဲ့ လက်ရာအမြောက်ဆုံး ဗုဒ္ဓပန်းချီလက်ရာတွေထဲကတစ်ခုဖြစ်တယ်လို့ သမိုင်းပညာရှင်တွေ ကောက်ချက်ချထား ပါတယ်။ ဒါကြောင့်မို့လဲ အရောင်တွေတိတိကျကျသုံးပြီး ထူးခြားလက်ရာမြောက်တဲ့ ပန်ချီတွေကိုမှောင်မဲနေတဲ့ဒီဂူတွေထဲမှာ ဘယ်လိုရေးဆွဲခဲ့သလဲဆိုတာ ခေတ်သစ်ပညာ ရှင်တွေ စဉ်းစားမရဖြစ်နေရတုန်းပါ။
.
.
နောက်ခံသမိုင်း
» အခြားသော ဗုဒ္ဓဘုန်းတွေကြီးတွေ နေထိုင်ရာ ဒေသတွေလိုပဲ အဂျင့်တာ့လှိုဏ်ဂူက စာသင်ကြားဖို့၊ ဘုန်တော်ကြီးတွေ နေထိုင်ဖို့၊ ဝတ်ပြုဖို့ တည်ဆောက်ထားခဲ့ခြင်းဖြစ်ပါတယ်။
.
.
» တရုတ်လူမျိုး ခရီးသွားသူ စာပေပညာရှင်၊ ဘုန်းတော်ကြီး Xuanzang က တရုတ်ပြည်မှ အိန္ဒယ ကို ခရီးထွက်ခဲ့ပြီး အဆိုပါ လှိုင်ဂူထဲမှာ နေထိုင်ပြီး အဆိုပါ လိုင်ဂူအကြောင်း မှတ်တမ်းများ ရေးသားခဲ့သည့်အပြင် အဆိုပါ အိန္ဒိယ မှ တရုတ်ပြည်သို့ အပြန် အဆိုပါ လှိုင်ဂူမှာ ရရှိခဲ့တဲ့ တရားဓမ္မတွေကို တရုတ်ပြည်မှာ ပြန်လည် ဖြန်ဝေခဲ့ပါသည်။
.
.
» ပညာရှင်တွေက အဆိုပါ လှိုင်ဂူကို အပိုင်နှစ်ပိုင် ခွဲပြီး သုံးသပ်ကြပြီး အဆိုပါ အပိုင်း နှစ်ခုအကြား နှစ်ရာနဲ့ချီ ခြားနားခဲ့ တယ်လို့ ဆိုပါတယ်။
.
.
» အိန္ဒယ အစိုးရ နိုင်ငံရဲ့ သတင်းအချက်အလက် နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက (Ministry of Information and Broadcasting, Government of India.) ထုတ်ပြန်တဲ့ အိန္ဒယ ရဲ့ ရာစု နှစ်များဆိုတဲ့ စာအုပ်မှာ (India through the ages.) ပထမလှိုဏ်ဂူ ၅ ခုကို ခရစ်တော်မပေါ်မှီ (၂) ရာစုမှာထွင်းထုခဲ့ တယ်လို့ သုံးသပ်ပါတယ်။
.
.
» ကျန်လှိုဏ်ဂူ ၂၅ ခုကိုတော့ (၅) ရာစုနှစ်အတွင်းမှာထွင်းထု တယ်လို့ လေ့သုံးသပ်ပါတယ်။
.
.
» ၁၉၈၃ ခုနှစ်မှာတော့ ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာတစ်နေရာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
.
.
ပိုမိုပြီး သိရှိလိုတယ်ဆိုရင်
» အဂျင့်တာ့လှိုဏ်ဂူကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ EasyTicket ဖုန်း ၀၉-၅၅၄ ၅၄ ၅၄ www.easyticket.asia ကို ဆက်သွယ်နိုင်ပါသည်။
.
.
Jade Buddha Temple

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် အလည်အပတ် သော်လည်းကောင်း၊ လေ့လာစရာ အဖြစ်သော်လည်းကောင်း၊ ဘုရားဖူးဖို့အတွက်သော်လည်းကောင်း နာမည်ကျော်တဲ့ နေရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကျောက်စိမ်းရုပ်ပွားတော် နှစ်ဆူတည်ရှိသော Jade Buddha Temple လို့ ခေါ်တဲ့ ဘုရားကျောင်းဖြစ်ပါတယ်။

အဲဒီ Jade Buddha Temple တရုတ်လိုတော့ ( 玉佛禅寺) ဟာ ရှန်ဟိုင်းမြို့ရဲ့ လည်ပတ်လေ့လာစရာ နေရာ၁၀ခုထဲမှာ ထိပ်ဆုံးက ပါဝင်တဲ့နေရာတစ်ခုဖြစ်ပြီး တရုတ်ပြည်တွင်းက ခရီးသွားများရော၊ နိုင်ငံခြားသားများပါ စိတ်ဝင်တစား သွားရောက်ကြတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက အဲဒီ ကျောက်စိမ်း ရုပ်ပွားတော်နှစ်ဆူဟာ အဖြစ် ထုလုပ်တဲ့ ကျောက်စိမ်းဟာ မြန်မာပြည်က ထွက်တဲ့ ကျောက်စိမ်းဖြစ်တဲ့အပြင် မြန်မာတို့ရဲ့ အနုလက်ရာ၊ မြန်မာ့ကျောက်ဆစ်ပညာ တို့နဲ့ ထုလုပ်ထားတဲ့ မြန်မာ့လက်ရာစစ်စစ် ရုပ်ပွားတော်များ ဖြစ်ပါတယ်။ မြန်မာ့လက်ရာစစ်စစ် ဗုဒ္ဓရုပ်ပွားတော်များဟာ တိုင်းတစ်ပါးမှာ နာမည်ကျော်နေတာဟာဖြင့် ထူးဆန်းအံ့သြဖွယ်၊ စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။ မြန်မာ့ကျောက်စိမ်း၊ မြန်မာ့လက်ရာ ဖြစ်တဲ့ ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်များဟာ ဘယ်လိုပုံ၊ ဘယ်လိုနည်းနဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ထဲကို ရောက်ရှိသွားတယ်ဆိုတာ လေ့လာမိသလောက် ပြန်လည် ပြောပြရရင်…

၁၈၈၂ခုနှစ်တွင် ကျဲ့ကျန်းပြည်နယ် ဖူထော တောင်ပေါ်က ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ တရုတ်ဘုန်းတော်ကြီး ဟွေ့ကိန်းဟာ တရုတ်ပြည်က ထင်ရှားတဲ့ တောင်တန်းများ၊ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာဒေသ ဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ တိဘက်နိုင်ငံ စသည်တို့ဆီကို စီချွမ်ပြည်နယ်က တစ်ဆင့် ဘုရားဖူးထွက်ရင်း အပြန်မှာ မြန်မာနိုင်ငံထဲကို ရောက်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ရောက်သွားတဲ့အခါမှာ အရည်အသွေး ကောင်းမွန်လှတဲ့ မြန်မာ့ကျောက်စိမ်းတွေကို တွေ့မြင်ရတဲ့အပြင် ဗုဒ္ဓရုပ်ပွားတော်တွေကို ထုလုပ်ထားတဲ့ မြန်မာတွေရဲ့ ကျောက်ဆစ် လက်ရာတွေဟာ အဆင့်အတန်းမြင့်မားပြီး လက်ရာမြောက်လှတာကိုပါ တွေ့မြင်ရတဲ့အခါ မြန်မာပြည်ထွက် ကျောက်စိမ်းတွေနဲ့ ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ကိုးကွယ်ဖို့ စိတ်ဆန္ဒဖြစ်လာပါတယ်။ အဲဒါနဲ့ ဘုန်းတော်ကြီး ဟွေ့ကိန်းဟာ ကျောက်စိမ်းရုပ်ပွားတော်ကို ထုလုပ်နိုင်ဖို့အတွက် နေရာအနှံ့အပြားကို အလှူခံ ထွက်ပါတော့တယ်။ အဲဒီလို အလှူခံတော့ မြန်မာနိုင်ငံမှာ အခြေချ နေထိုင်နေတဲ့ တရုတ်လူမျိုး Mr. Chen Junpu က ငွေဒင်္ဂါးပေါင်း၂၀၀၀၀ကျော် ကို လှူလိုက်ပါတယ်။

အဲဒီ အလှူငွေတွေကို ရတာနဲ့ ဘုန်းတော်ကြီးဟာ ကျောက်စိမ်းတူးဖော်ဖို့ ပြင်ဆင်ပါတယ်။ မြန်မာဘုရင်ကလည်း ဘုန်းတော်ကြီး ဟွေ့ကိန်းကို အထူးအခွင့်အရေးအနေနဲ့ ကျောက်စိမ်းတူးဖော်ဖို့ ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဘုန်းတော်ကြီးဟွေ့ကိန်းရောက်လာတဲ့ ခုနှစ်ကို ပြန်တွက်ကြည့်တဲ့အခါ အင်္ဂလိပ်တို့ အထက်ဗမမာပြည်ကို မသိမ်းမှီ သီပေါဘုရင်လက်ထက်က ဖြစ်မယ်လို့ တွက်ဆကြည့်မိပါတယ်။ ကျောက်စိမ်းတုံး ကောင်းကောင်း ရတာနဲ့တပြိုင်နက် ဘုန်းတော်ကြီးဟာ မန္တလေးမြို့က ပန်းပုပညာရှင်၊ ကျောက်ဆစ်ပညာရှင် အကျော်အမော် များကို ငှားရမ်းပြီး ဗုဒ္ဓရုပ်ပွားတော် အကြီးအသေး အရွယ်စုံ ငါးဆူကို ထုလုပ်စေပါတယ်။ ရုပ်ပွားတော်များကိုလည်း အဖိုးတန် ကျောက်မျက်ရတနာများ၊ ကြီးမားသော ပုလဲများနဲ့ တန်ဆာဆင်စေပါတယ်။ အားလုံးသော ဗုဒ္ဓရုပ်ပွားတော်များရဲ့ မျက်နှာတော်ဟာ လမင်းကြီးပမာ ကြည်လင်ဝင်းပ တင့်တယ်လှပြီး အေးချမ်းတည်ငြိမ်သော အသရေတော်နဲ့ ပြည့်စုံလှတယ်လို့ ဆိုပါတယ်။

ထို့နောက်မှာတော့ ရုပ်ပွားတော်များ ထုလုပ်လို့ ပြီးတာနဲ့ တရုတ်ပြည်ထဲကို ရေလမ်းကနေ သယ်ဆောင်လာပါတယ်။ ရှန်ဟိုင်းဆိပ်ကမ်းကို ရောက်တဲ့အခါ သူခိုးဓားပြ၊ အကျင့်ပျက်မြို့သူမြို့သားများ ဆူပူသောင်းကျန်းလှတာကို တွေ့ရှိရတဲ့အတွက် မြို့သူမြို့သားများ ကိုးကွယ်ပူဇော်နိုင်ရန်အတွက် ကျောက်စိမ်းရုပ်ပွားတော် နှစ်ဆူကို ရှန်ဟိုင်းမြို့မှာ ကိန်းဝပ်စံပယ်ဖို့ စိတ်ကူးရမိပါတယ်. ဒါကြောင့်လည်း ကျောက်စိမ်းရုပ်ပွားတော် နှစ်ဆူ ကိန်းဝပ်ဖို့ရန် ဘုရားကျောင်းဆောက်လုပ်ဖို့အတွက် နှစ်ပေါင်းများစွာ ငွေအလှူခံပါတယ်။ ငွေကြေး ပြည့်စုံတာနဲ့ ဘုရားကျောင်း ဆောက်လုပ်ပြီး ကျောက်စိမ်းရုပ်ပွားတော် နှစ်ဆူကို ၄င်းကျောင်းဆောင်ကြီးမှာ ပင့်ဆောင ပူဇော်ထားပါတယ်။

ကျန်တဲ့ ရုပ်ပွားတော် သုံးဆူကိုတော့ သူနေထိုင်ရာ ပူတောင် တောင်တန်းဆီကို ပင့်ဆောင်သွားခဲ့ပါတယ်။ ၁၉၁၁ခုနှစ် မှာ ဘုရားကျောင်းဟာ ယိုယွင်းပျက်စီးခဲ့ရပြီး ၁၉၁၈ခုနှစ်မှာ ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ၁၀နှစ်ကြာ တရုတ်ပြည် ခေတ်ပြောင်းတော်လှန်ရေးကြောင့် ဘုရားကျောင်းဟာ တစ်ဖန် ပျက်စီးခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ကျောက်စိမ်း ရုပ်ပွားတော်များကတော့ လုံခြုံကောင်းမွန်စွာ သိမ်းဆည်းခြင်း ခံထားရပါတယ်။ ၁၉၂၈ခုနှစ်မှာ ဘုရားကျောင်းကို အသစ်ပြန်လည် တည်ဆောက်ခဲ့ပြီး ယခု Jade Buddha Temple လို့ ခေါ်တဲ့ကျောင်းဖြစ်လာပါတယ်။ နှစ်ပေါင်း ၁၃၀ခန့် သက်တမ်းရှိပြီဖြစ်သော မြန်မာနိုင်ငံကနေ တရုတ်ပြည်ထဲကို ပင့်ဆောင်သွားတဲ့ ကျောက်စိမ်းရုပ်ပွားတော်
ဖြစ်ပါတယ်။

ဒီကျောက်စိမ်း ရုပ်ပွားတော်ဟာ မြန်မာပြည်ကထွက်တဲ့ ကျောက်စိမ်းကို မြန်မာ့ကျောက်ဆစ်ပညာရှင်တွေ ထုလုပ်ထားတာဖြစ်ကြောင်း မြန်မာပြည်ကနေ ဒီတရုတ်ပြည်ကို ပင့်ဆောင်လာတာဖြစ်ကြောင်း ရှင်းပြနေတဲ့အခါ ဂုဏ်ယူစိတ်တွေနဲ့ ကျွန်မ ပြုံးနေမိပါတယ်။ စိတ်ထဲကနေတော့ ဒါ ငါတို့တိုင်းပြည်က ထွက်တဲ့ အဖိုးတန် ကျောက်စိမ်းလေ.. ပြီးတော့ ငါတို့တိုင်းပြည်မှာ အင်မတန်မှ လက်ရာမြောက်အောင် ထုဆစ်နိုင်တဲ့ ပညာရှင်တွေ အများကြီးရှိတယ်လို့ ပြောနေမိပါတယ်။

ကျောက်စိမ်းရုပ်ပွားတော်ရဲ့ မျက်နှာတော် အနေအထားဟာ ကြည်လင်ဝင်းပ တင့်တယ်အေးချမ်းလှပြီး မြတ်စွာဘုရားရှင်ရဲ့ အတုမရှိသော ကျက်သရေ၊ အေးချမ်းတည်ကြည်လှတဲ့ စိတ်နှလုံးကို ကောင်းကောင်းကြီး ဖော်ကျုးနိုင်တယ်လို့ ဗုဒ္ဓဘာသာဝင် ဟုတ်သူများရော မဟုတ်သူများပါ လာရောက်ဖူးမျှော်ကြ၊ လေ့လာကြတဲ့သူတိုင်းက ချီးကျူးကြရပါတယ်။ ၅ပေနီးပါးခန့် ဥာဏ်တော်ရှိတဲ့ ထိုင်တော်မူ ရုပ်ပွားတော်ကို အနီးကပ် ဖူးမျှော်ကြည့်တဲ့အခါ နဖူးသင်းကျစ်တော်၊ သင်္ကန်းတော် အနားစ၊ လက်ပတ်တော်တို့မှာ လှပတဲ့ ရောင်စုံကျောက်များနဲ့ စီခြယ်ပူဇော်ထားပြီး ဦးခေါင်းတော်နဲ့ ဆံထုံးတော်ထိပ်မှာ ကြီးမားလှတဲ့ ပုလဲကြီးတွေကို တွေ့ရပါတယ်။ ရုပ်ပွားတော်ရဲ့ အနောက်ဖက် ကနှုတ်ဘောင်တွေကတော့ ရွှေအစစ်နဲ့ ပြုလုပ်ထားဟန်ရှိပြီးတော့ အရည်အသွေးကောင်းလှတဲ့ ကျောက်စိမ်းများကိုပါ ထည့်သွင်းအလှဆင်ထားတာ တွေ့ရပါတယ်

ပါရှန်း (အီရန်)
အီရန်ကုန်းမြေ မြင့်၌ အခြေစိုက်နေထိုင်ကြသည့် အရိယန် အမျိုးအနွယ်များမှ ဆင်းသက်လာသော လူမျိုးစုကို ပါရှန်းလူမျိုးစု ဟုခေါ်သည်။ အိန္ဒိယမှ ဗုဒ္ဓအနွယ်ဝင် ခတ္တိယလူမျိုးများကိုလည်း အရိယန် မျိုးနွယ်များဟုပင်ခေါ်သည်

ပါရှန်းတို့သည် ရှေးယခင်က နတ်ဘုရားအများအပြားကိုးကွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဘုရင်ကို ဘုရားသဖွယ် ကိုးကွယ်ခဲ့ကြသည်။ ထို့နောက် ဘာသာရေးခေါင်းဆောင်တို့၏ အယူဝါဒမှာ လွှမ်းမိုးလာခဲ့သည်။ ယင်းသည် ယခုကိုးကွယ်နေသော အယူဝါဒမတိုင်မီက အခြေအနေဖြစ်သည်။

ဗုဒ္ဓ၀ါဒနှင့် ပတ်သက်၍မူ ပါရှန်းသည် မူလကတည်းက အခြေပြုတည်ရှိခဲ့သည်မဟုတ်။ မြတ်စွာဘုရားရှင်လက်ထက် သာသနာပြု ရဟန်းတော်များ စေလွှတ်ခဲံရာ၊ အသောက မင်းကြီးလက်ထက် သာသနာပြု ရဟန်းများ ရောက်ရှိခဲ့ရာ၊ ဗုဒ္ဓဘာသာ ခရီးသွား ရဟန်းများရောက်ရှိခဲ့ရာ အီရန်နိုင်ငံ၏ နယ်စပ်ဒေသနေရာတစ်ခုဟာ ဆိုကောင်း ဆိုနိုင်မည်ဖြစ်သည်။

ပါရှန်းလူမျိုးများနှင့် ဗုဒ္ဓဘာသာတို့အကြေား ဆက်နွယ်မှုများနှင့်ပတ်သက်၍မူ ခိုင်မာသောအထောက်အထားတစ်စုံတစ်ရာမရှိပေ၊ ဘာသာကွဲ၍ 
မှတ်တမ်းမတင်ခဲ့သည်လည်းရှိမည်။ ဘာသာကွဲနှင့် ဘာသာရေးခေါင်းဆောင်များ လွှမ်းမိုးသောဒေသဖြစ်၍ ဗုဒ္ဓဘာသာသည် တစ်စွန်းတစ်စ အစိတ်အပိုင်းတစ်ရပ်မျှသာဖြစ်သည်။ ခိုင်မာသော အထောက်အထားများကိုမူ ယနေ့ထက်တိုင်ရှာဖွေနေဆဲဖြစ်သည် ။

မည်သို့ပင်ဆိုစေကာမူ ယခုတွေ့ရှိသော အထောက်အထားများသည် 
ဤမျှ အယူဝါဒကွဲသော၊ အလွန်ဝေးလံသော နေရာဒေသတို့တွင် 
ရှာဖွေတွေ့ရှိခြင်းဖြစ်ရာ ဗုဒ္ဓဘာသာဝင်များအဖို့ ၀မ်းမြောက်ဖွယ် ဂုဏ်ယူဖွယ်ဖြစ်ပေတော့သည်။ ယင်းသည် မြတ်စွာရားရှင်၏ ဂုဏ်ကျေးဇူး၊ အသောကမင်းကြီး၏ ကျေးဇူးနှင့် ခရီးသွား တရုတ်ရဟန်းတော်များ၏ ကျေးဇူးတော်များကြောင့်ဟုဆိုလျှင် မှားမည်မထင်ပေ။

ပါရှန်းနိုင်ငံတော်ကြီး ပေါ်ပေါက်လာခဲ့သည့် နောက်ပိုင်းကာလများတွင 
ဟိန္ဒူကွတ်ရှိတောင်တန်း နှင့် ဘာမီယန်တောင်တန်းကြီးများကို ကျော်လွန်၍ 
အာရှတိုက်အတွင်း၊ ဗုဒ္ဓသာသနာပျံ့နှံ့ရာ လမ်းကြောင်း နှစ်ခုရှိခဲ့သည်။

ပထမလမ်းကြောင်းမှာ အိန္ဒိယ မြောက်ပိုင်းမှ သီရိလင်္ကာနှင့် အင်ဒိုချိုင်းနား 
ကျွန်းဆွယ်တစ်လျှောက်ဖြစ်သည်။ ဒုတိယလမ်းကြောင်းမှာ အိန္ဒိယအနောက်ပိုင်း ဘက်ထရီးယား၊ တိုခါရစ္စတန်၊ ဆော့ဂ်ဒီယာနာာ၊ ဖာဂါနာ နှင့် တာရင်မြစ်ဝှမ်းတစ်လျှောက်မှ တရုတ်နိုင်ငံထိ ဖြစ်သည်။

အဆိုပါလမ်းကြောင်းအနက် ဒုတိယလမ်းကြောင်းသည် ရှေးခောတ် 
ကမ္ဘာ့စီးပွားရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအနုပညာများကို ဆက်စပ်ပေါင်းကူးပေးသော ပိုးလမ်းမ (ခေါ်) ရှေးခေတ် နိုင်ငံတကာလမ်းမကြီးဖြစ်သည်။ ထိုလမ်းမကြီး အကျိုးကျေးဇူးကြောင့်ပင် ဗုဒ္ဓသာသနာသည် အနောက်သို့တိုင် 
ပျံ့နှံ့ထွန်းကားလာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

အာဆာစစ် ခေတ်နှင့် ဆာဆာနီးယန်း ခောတ် အစ္စလာမ်သာသနာ 
မတိုင်မီ ရှေးဟောင်း ပါးရှန်း အနုပညာလက်ရာများအရ ပါရှန်းဒေသတွင် 
ဗုဒ္ဓဘာသာဝင်များ မရှိကြောင်း ယူဆနိုင်သော်လည်း ပြည်ပနိုင်ငံများ၏ ခေတ်ပြိုင်မှတ်တမ်းများ၏ အဆိုတို့ကို အထောက်အထားတစ်ခုအဖြစ် ရယူနိုင်မည်ဖြစ်သည်။ 

တရုတ်ခောတ်ပြိုင်မှတ်တမ်းများအရ တရုတနိုင်ငံသို့ ပထမဆုံးရောက်ရှိခဲ့သော 
ဗုဒ္ဓသာသနာပြုအဖွဲ့ဝင် အန်ရှိကျို့သည် အထောက်အထားတစ်ခု ဖြစ်လာခဲ့သည်။ အန်ရှီကျို့သည် ပါသီယန်နိုင်ငံ၏ တော်ဝင်မိသားစုမှဆင်းသက်လာသော 
မင်းသားတစ်ပါး ဖြစ်သည်။

ဘီစီ ၂၄၀ နှင့် အေဒီ ၂၂၄ ခုနှစ် ပါသီယန်နိုင်ငံတော်ကြီးကို 
အဆာစစ်မင်းဆက် အုပ်စိုးစဉ်ကာလ (အသောကမင်းကြီး၏ မတိုင်မီ) က 
ပါရှန်းဒေသည် ဗုဒ္ဓ၀ါဒနှင့် တစ်နည်းတစ်ဖုံပတ်သက်မှုရှိကြောင်းကို အန်ရှီကျို့၏ တရုတ်မှတ်တမ်းများတွင် ဖော်ပြထားသည်။ 

အဆိုပါဒေသ၌ ဖြစ်ထွန်းမှုကို ရှေးဟောင်း သုတေသီတို့က အေဒီ ၄ရာစုတွင် 
စတင်ခဲ့ကြောင်း ယူဆကြသည်။ အင်န်ဆင်ဝီလျံ၏ အဆိုအရ ဗုဒ္ဓသာသနာ ဆိုင်ရာ ဝေါဟာရများကို၃ ရာစုမတိုင်မီကပင် ပါသီယန်တို့၏ ဘာသာစကားအတွင်း မွေးစားအသုံးပြုလာခဲသည်ဟု ဆိုသည်။

အီရန်ဒေသ မာ့ဗ်မြို့တော် တည်ရှိရာဝန်ကျင်ဒေသသည် 
အန်ရှိကျို့၏ မွေးရပ်မြေဖြစ်ကြောင်း၊ မာဂျီယာနာဒေသတွင် တူးဖော်တွေ့ရှိခဲသော ရှေးဟောင်း သုတေသန အထောက်အထားများက တိတိကျကျ ပြသလျက်ရှိသည်။ အေဒီ ၆၀ ခုနှစ်ဝန်းကျင်ကာလ ကက်ရှ်နာလူမျိုးများနှင့် ပါသီယန်ဘုရင် နိုင်ငံတော်သည် အန်ရှိကျို့ သာသနာပြုအဖွဲ့ ခရီးစတင်ရာ ဖြစ်ပေကြောင်း ဆိုရမည်ဖြစ်သည်။






0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ