စွယ်စုံမြို့တော်သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Saturday, January 21, 2017

အောင်မော်ဦး ● ဗုံးခိုကျင်းထဲက ကဗျာ

တိုင်းပြည်တပြည်ကို
အချစ်ကြီးချစ်ဖူးတယ်

ပန်းချီကို ပန်းချီဆရာက
အဓိပ္ပာယ်ဖွင့်ပြရတဲ့ တိုင်းပြည်
ကဗျာကို ကဗျာဆရာက
ခက်ဆစ်ထုတ်ပြရတဲ့ တိုင်းပြည်
စစ်ထောက်ခံသူတွေနဲ့
ငြိမ်းချမ်းရေးမြတ်နိုးသူတွေ
လမ်းတွေ့ရင် ပြုံးပြရတဲ့တိုင်းပြည်
ပြည်သူ့ဘဏ္ဍာနဲ့စစ်တိုက်ပြီး
ငြိမ်းချမ်းရေးအတွက်
အလှူခံတဲ့တိုင်းပြည်

မရယ်ရက်ဘူး
ဘယ်လောက်ပဲ လွဲချော်လွဲချော်
ဘယ်လောက်ပဲ အဆီအငေါ်မတည့်တည့်
သူ့အပြင် သူ့လောက်ချစ်လို့မရတဲ့ တိုင်းပြည်

ဆုတောင်းရုံအပြင်
ဘာတတ်နိုင်မှာလဲ
ဧရာဝတီ ငြိမ်းချမ်းပါစေ
မြန်မာပြည် ငြိမ်းချမ်းပါစေ
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ

နာတာရှည်ဆောင်းဟာ
ထုံကျဉ်ကြေကွဲလို့
ဟိုး တောင်ပေါ်က ဗုံးခိုကျင်းကလေးမှာတော့
နှင်းတွေဝေနေပြီ အမေ။

အောင်မော်ဦး
၁၃၊ ဇန်နဝါရီ၊ ၂၀၁၇

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ