စွယ်စုံမြို့တော်သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Friday, February 3, 2017

ဓမ္မမာမက သာသနာ့ရိပ်သာ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တက္ကန္တက

ဓမ္မမာမက သာသနာ့ရိပ်သာ ပဓာနနာယက
ဆရာတော် ဘဒ္ဒန္တက္ကန္တက ၏ ထေရုပ္ပတ္တိအကျဉ်း
ဆရာတော်သည် ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့ နယ် ၀င်းစိန်ကျေးရွာ အုပ်စု
ဘုရားငုတ္တိကျေးရွာ ခမည်းတော်ဦးကျော်အုန်း +မယ်တော်ဒေါ်မူးနူး တို့ မှ
၁၃၁၈ခုနှစ် ကဆုန်လဆုတ် ၁၀ရက် ၃.၆.၁၉၅၆ တနင်္ဂနွေ နေ့ တွင်
ဖွားမြင်သော သားရတနာ ဖြစ်ပါသည်။
၁၃၃၁ ခုနှစ် တပေါင်းလဆန်း ၁၂ ရက် ကြာသပတေးနေ့  တွင် ဘုရားငုတ်တို
ကျေးရွာ ကျောင်းဆရာတော်ဘဒ္ဒန္တဥတ္တမ ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့ ၏
ပစ္စယာ နုဂ္ဂဟကိုခံယူကာ ရှင်သာမဏေ အဖြဏ်သို့ ရောက်ရှိခဲ့ပါသည်။
၁၃၄၀ ကဆုန်လဆန်း ၁၄ ရက် ၂၀.၅.၁၉၇၈ စနေနေ့ တွင် လှိုင်းဘွဲ့  မြို့ နယ်
ကမော့ကချူး ကျေးရွာအုပ်စု ကော့ဝန်းကျေးရွာ ကျောင်း ဆရာတော် ဘဒ္ဒန္တပညာစာရကို ဥပဇ္ဈာယ် ပြု၍ မိဘနှစ်ပါးတို့ ၏ ပစ္စယာနုဂ္ဂဟ ကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ ပါသည်။
၁၂နှစ်သားအရွယ်မှစ၍ ဘုရားငုတ်တို ကျေးရွာကျောင်း ဘားအံမြို့  မဲဘောင်ကျောင်း စာသင်တိုက် မော်လမြိုင်မြို့ မ စာသင်တိုက် ရန်ကုန် မြို့ အလုံမြို့ နယ် အောင်မင်္ဂလာ ပါဠိတက္ကသိုလ် စာသင်တိုက်များတို့ ၌ ပရိယတ္တိ စာပေ ကျမ်းဂန် များကို သင်ယူခဲ့ပါသည်။
၁၃၅၈ ခုနှစ် မဟာစည် ရိပ်သာကြီး၌ ၀ါဆို၍ ကြို့ ပင်ကောက်ဆရာတော် ထံ ကမ္မဌာန်း နည်းပြဆရာသင်တန်းကို လက်တွေ့ အားထုတ်သင်ယူခဲ့ပါသည်။
၁၃၅၉ခုနှစ်မှ ၁၃၆၅ခုနှစ်အထိ ရန်ကုန်တိုင်း မရမ်းကုန်းမြို့ နယ် သဒ္ဓမရံသီ ရိပ်သာ အင်းတိုင်တပ်နယ် သရက်ကုန်းကျေးရွာ ခိပ္ပါ ဘိညာ သဒ္ဓမရံသီ ရိပ်သာ
ပဲခူးတိုင်း ညောင်လေးပင်မြို့  ၀ိဝေကတောရ သဒ္ဓမရံသီ ရိပ်သာများ၌ တရားဟောတရားပြ ကမ္မဌာနစရိယ အဖြစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
၁၃၆၆ ခုနှစ်မှ ၁၃၆၇ ခုနှစ် အထိ ကိုရီယားသမ္မတနိုင်ငံ ကင်မ်ချမ်းမြို့  နန်းမြန်း
ဂျုးမြို့  ချန်နန်းမြို့  ဖူဆန်မြို့  ဒေဂူးမြို့  ဆိုးလ်မြို့  များ၌ တရားဟောတရားပြ ကမ္မဌာနစရိယ အဖြစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
၁၃၆၈ ခုနှစ်မှ ယနေ့ အထိ မိမိကိုယ်တိုင်ဦးစီးတည်ထောင်ထားသော ရန်ကုန်တိုင်း လှည်းကူးမြို့ နယ် ကျွန်းကလေးကျေးရွာ အာဇီဝကျောင်းလမ်း ဓမ္မမာမက
သာသနာ့ရိပါသာ ၌ တရားဟောတရားပြ သာသနာပြု လုပ်ငန်းကြီးကို ဆက်လက်ဆောင်ရွက်လက်ရှိပါသည်။

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ